Home »
သတင်း
» ဆီးဂိမ်း ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားတွင် ဆိုင်းဘုတ်ကိုင် အမျိုးသမီး Volunteer များအဖြစ် ပါဝင်ဆောင်ရွက်ရန် ထပ်မံဖိတ်ခေါ်
ဆီးဂိမ်း ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားတွင် ဆိုင်းဘုတ်ကိုင် အမျိုးသမီး Volunteer များအဖြစ် ပါဝင်ဆောင်ရွက်ရန် ထပ်မံဖိတ်ခေါ်
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင်
နိုင်ငံအသီးသီး ကိုယ်စားပြု ဆိုင်းဘုတ်ကိုင် အမျိုးသမီး ၁၁ ဦးနှင့်
ပိတ်ပွဲအခမ်းအနားတွင် အားကစားနည်း ၃၃ နည်း ကိုယ်စားပြု ဆိုင်းဘုတ်ကိုင်
အမျိုးသမီး ၃၃ ဦးကို Volunteer ကိုယ်တိုင် ဆန္ဒပြုသူအဖြစ် ရွေးချယ်
တာဝန်အပ်နှင်းရန် ရှိပါသည်။ ပထမအကြိမ် ရွေးချယ်ခြင်းမှ ၁၈ ဦး
ရွေးချယ်ပြီးနောက် အရန်အပါအဝင် ထပ်မံလိုအပ် ၃ဝ ဦးကို ထပ်မံ ရွေးချယ်ပါမည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အလှည့်ကျ ဆောင်ရွက်သော အားကစားပြိုင်ပွဲ
ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား ဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ
လူငယ်အမျိုးသမီးများ ပါဝင်ဆောင်ရွက်စေ လိုသော စေတနာဖြင့်
ဖိတ်ခေါ်ခြင်းဖြစ်ရာ ဆိုင်းဘုတ်ကိုင် အမျိုးသမီးများအဖြစ် Volunteer
ဆောင်ရွက်ရန် စိတ်ဝင်စားသူ လူငယ်အမျိုးသမီးများသည် လိုအပ်သော
အရည်အချင်းများနှင့်အတူ စာရင်းသွင်း အရွေးချယ်ခံရန် ဖိတ်ခေါ်ပါသည်။
လိုအပ်သော အရည်အချင်းများမှာ- (က) မြန်မာတိုင်းရင်းသူ ဖြစ်ရမည်။ (ခ)
ရုပ်ရည်ပြေပြစ် ချောမောသူ အပျိုဖြစ်ရမည်။ (ဂ) ခန္ဓာကိုယ်အချိုးအစား
ပြေပြစ်သူဖြစ်ရမည်။ (ဃ) အရပ် ၅ ပေ၊ ၄ လက်မ ရှိရမည်။ (င) အသက် ၁၈ နှစ်မှ ၂၃
နှစ် အတွင်း ဖြစ်ရမည်။ (စ) တက္ကသိုလ်ကျောင်းသူ (သို့မဟုတ်) ဘွဲ့ရရှိသူ
ဖြစ်ရမည်။ (သက်ဆိုင်ရာ တက္ကသိုလ်၏ ထောက်ခံချက် (သို့မဟုတ်) ဘွဲ့လက်မှတ်မိတ္တူ
ပြနိုင်ရမည်။) (ဆ) အင်္ဂလိပ်ဘာသာစကား အသင့်အတင့် ပြောဆိုနိုင်သူ ဖြစ်ရမည်။
(ဇ) မြန်မာဆန်သော အသားအရောင် ရှိရမည်။ (ဈ) ဆံပင်အနက်ရောင် ဖြစ်ရမည်။ (ည)
ကျန်းမာရေး ကောင်းမွန်ရမည်။ ဆိုင်းဘုတ် ကိုင်၍ ပြင်ပမီတာ ၅ဝဝ အားကစားကွင်း
ပရိသတ်ရှေ့ မီတာ ၃ဝဝ အကွာအဝေးကို ကြံ့ကြံ့ခိုင်ခိုင် လမ်းလျှောက်နိုင်ရမည်။
(ဋ) ပြိုင်ပွဲဝင် အားကစားသမား နေရာယူချိန်၊ ဖွင့်ပွဲအစီအစဉ်
ဆောင်ရွက်ချိန် ကွင်းအတွင်း လမ်းလျှောက်အချိန် အပါအဝင် စုစုပေါင်း မိနစ် ၆ဝ
မတ်တတ်ရပ်နိုင်ရမည်။ (ဌ) ပြစ်မှု ကင်းရှင်းကြောင်း၊ နိုင်ငံအတွက် Volunteer
အဖြစ် ဆောင်ရွက်လိုစိတ်ရှိကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း
သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ
ထောက်ခံချက် ပါရှိရမည်။ (ဍ) ဖွင့်ပွဲ၊ ပိတ်ပွဲ စစ်ကြောင်းများ
ပုံမှန်လေ့ကျင့်ချိန်၊ အစမ်းလေ့ကျင့်ချိန် ဝတ်စုံပြည့်
လေ့ကျင့်ချိန်များအတွက် လိုအပ်ပါက နေပြည်တော်၌ အခြားကပွဲဝင်
ကျောင်းသူကလေးများကဲ့သို့ အခါအားလျော်စွာ လာရောက်စခန်းဝင်
နေထိုင်လေ့ကျင့်ရမည်။ (ဎ) လာရောက်သည့် စရိတ်၊ နေထိုင်လေ့ကျင့်စဉ်
နေထိုင်စားသောက်မှုစရိတ်ကို ဖွင့်ပွဲ၊ ပိတ်ပွဲကော်မတီက ကျခံပါမည်။ (ဏ)
လှယဉ်ကျေးမယ် ဝတ်စုံဖြင့် တစ်လအတွင်း ရိုက်ကူးထားသော ၆ လက်မ x ၄ လက်မ
အရွယ်ရှိ ကိုယ်လုံးပေါ် ဓာတ်ပုံ ရှေ့တည့်တည့်တစ်ပုံ၊ ဘေးစောင်းတစ်ပုံနှင့် ၆
လက်မ x ၄ လက်မ အရွယ်ရှိ ရှေ့တည့်တည့်မှ ရိုက်ကူးထားသော ကိုယ်တစ်ပိုင်းပုံ
တစ်ပုံတို့နှင့်အတူ ပူးတွဲလျှောက်ထားရမည်။ လျှောက်လွှာများကို (က)
ပါမောက္ခချုပ်ရုံး ဦးသန့်ဇင်ဦး ဌာနမှူး(စီမံ/ဘဏ္ဍာ) အမျိုးသားယဉ်ကျေးမှုနှင့်
အနုပညာတက္ကသိုလ် ဒဂုံမြို့သစ် (တောင်ပိုင်း) ရန်ကုန်တယ်လီဖုန်းအမှတ်
ဝ၁-၅၉ဝ၂၆၃၊ ဝ၉-၅၁၂၁၄၅၁၊ (ခ) ညွှန်ကြားရေးမှူးချုပ်ရုံး သမိုင်းသုတေသန
ဦးစီးဌာန ယဉ်ကျေးမှု ဝန်ကြီးဌာန ရုံးအမှတ်(၃၅) နေပြည်တော် တယ်လီဖုန်း အမှတ်
ဝ၆၇-၄ဝ၈၃၈၄၊ (ဂ) မမဉ္ဇူ (Zu Zu Collection) အမှတ်(၃၈/စီ(၁) အင်းလျားလမ်း
ရန်ကုန်တယ်လီဖုန်း အမှတ် ဝ၁-၅၃၇၂၇၅၊ ဝ၉-၅ဝ၁ဝ၉၈ဝ၊ (ဃ) မလတ်လတ် (Latt Latt
Designer) တိုက်(၆ဝ) အခန်း(၇) ကမ္ဘာအေးဘုရား လမ်း ပါရမီအိမ်ရာ ရန်ကုန်
တယ်လီဖုန်းအမှတ် ဝ၁-၆၅၇၁၇၂၊ ဝ၉-၅၁၈၇၈၈၅ စသည်တို့သို့ ၉-၈-၂ဝ၁၃ ရက်နေ့ထက်
နောက်မကျစေဘဲ ပေးပို့ရမည်။ ၁ဝ-၈-၂ဝ၁၃ ရက်နေ့နှင့် ၁၁-၈-၂ဝ၁၃ ရက်နေ့တို့တွင်
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) စီမံရေးရာဌာနသို့
လူကိုယ်တိုင် လာရောက်သတင်းပို့ စစ်ဆေးရွေးချယ်မှု ခံယူရမည်။
မိမိအစီအစဉ်ဖြင့် မျက်နှာအလှ၊ ဝတ်စုံအလှဆင်မြန်းပြီး ဖြစ်ရမည်။ စုစုပေါင်း
၂၆ ဦး၊ အရန်လေးဦးပေါင်း ၃ဝ ဦးအား ရွေးချယ်မည်ဖြစ်ပါ၍ နောက်ကျသော
လျှောက်လွှာများအတွက် လိုအပ်မှသာ လက်ခံပါမည်။ လျှောက်ထားလိုသူ
အမျိုးသမီးငယ်များကို ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေး ကော်မတီ၊ ယဉ်ကျေးမှု
ဝန်ကြီးဌာနက လှိုက်လှဲဝမ်းသာစွာ ကြိုဆိုပါကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၂၅
ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်
0 comments:
Post a Comment