<div style='background-color: none transparent;'></div>

Home » » အသားအရေ တင်းရင်း လှပမှုအတွက် အထောက်အပံ့ပေးသော အိပ်ရေးဝစေမည့် နည်းများ

အသားအရေ တင်းရင်း လှပမှုအတွက် အထောက်အပံ့ပေးသော အိပ်ရေးဝစေမည့် နည်းများ



မိန်းကလေးတွေအနေနဲ့ ပင်ကို အလှအပ ပေါ်လွင်စေဖို့ဆိုရင် အိပ်ရေးဝဝ အိပ်ပေးဖို့ လိုအပ်ပါတယ်။ အိပ်ရေးဝတာက အသားအရေကို ပြည့်တင်းစေပြီး စိတ်ကို လန်းဆန်းရွှင်ပျစေပါတယ်။

၁) တေးသီချင်း နားဆင်ပါ

အိပ်ရာဝင်ခါနီးမှာ ချိုသာငြိမ့်ညောင်းတဲ့ တေးသီချင်းတွေကို နားဆင်ပေးရင် အလွယ်တကူ အိပ်မောကျစေသလို အိပ်မက်ဆိုး မက်တာကိုလည်း ကင်းဝေးစေပါတယ်။

၂) လုံးဝ အမှောင်ချပြီး အိပ်ပါ

အခန်းမီးအားလုံး ပိတ်ပြီး အထူးသဖြင့် လုံးဝ (လုံးဝ) မှောင်နေတဲ့ အခန်းထဲမှာ အိပ်ပါ။ ဒါမှသာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျပြီး ကြည်ကြည်လင်လင် နိုးထနိုင်မှာ ဖြစ်ပါတယ်။

၃) အိပ်ရာမဝင်ခင် သရေစာ မစားပါနှင့်

အိပ်ရာမဝင်ခင်မှာ ဆားပါတဲ့ သရေစာတွေနဲ့ သကြားကို လုံးဝ မစားသင့်ပါ။ ဒါတွေက မျက်လုံးတွေကို မို့အစ်စေပါတယ်။ အိပ်ရာ မဝင်ခင် ဗိုက်ဆာနေရင် သကြားမပါတဲ့ နွားနို့တစ်ခွက်နဲ့ ခရက်ကာမုန့် စားပါ။

၎) ကျယ်လောင် ဆူညံသော နာရီနိုးစက်သံကို မပေးပါနှင့်

နံနက်ခင်းမှာ လန်းလန်းဆန်းဆန်း မနိုးထနိုင်လောက်အောင် ဆူညံပြင်းထန်တဲ့ နိုးစက်နာရီသံကို မပေးထားပါနဲ့။ နံနက်မှာ အိပ်ရေးဝဝ နိုးထလာနိုင်အောင် ညမှာ စောစော အိပ်ရာဝင်ပါ။

၅) အိပ်ခန်းကို အေးမြအောင် ထားပါ

အိပ်ခန်း အပူချိန်ကို ၇ဝ ဒီဂရီဖာရင်ဟိုက်ထက် မကျော်ပါစေနဲ့။ လူအများစုဟာ ထပ်ခိုးလို အခန်းကျဉ်းထဲမှာ အိပ်ခန်းကို ပြင်ဆင်ထားတတ်ပြီး ပူအိုက်ကာ ကောင်းကောင်း အိပ်မပျော်နိုင်ပါဘူး။

၆) ညဘက်မှာ ကဖင်းဓာတ်ကို ရှောင်ပါ

ကဖင်းဓာတ် ပါဝင်တဲ့ အစားအသောက်တွေဟာ ညဘက်မှာ အိပ်ရေးပျက်စေတာကြောင့် ညဘက်မှာ ကဖင်းဓာတ်ကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။

၇) အိပ်ရာမဝင်မီ အချိန်နှစ်နာရီအတွင်း ဘာအရည်မှ များများမသောက်ပါနှင့်

အိပ်ရာမဝင်ခင် ရေနဲ့ တခြားဖျော်ရည်တွေကို များများ မသောက်ပါနဲ့။ အရက်ကိုတော့ လုံးဝ မသောက်သင့်ပါ။ အရက်သောက်လိုက်ရင် အိပ်ချင်စိတ် ပေါ်လာပေမယ့် ခဏပဲ အိပ်ပျော်ပြီး သန်းခေါင်ယံအချိန်မှာ လန့်နိုးလာကာ အိပ်မပျော်တော့တာမျိုး ဖြစ်စေနိုင်ပါတယ်။

၈) အိပ်ရာထက်မှ တီဗီမကြည့်ပါနှင့်

မအိပ်ခင် တီဗီကြည့်တာက စိတ်ကို လှုပ်ရှားအောင် လှုံ့ဆော်ပေးနိုင်ပြီး တော်တော်နဲ့ အိပ်မပျော်တာမျိုး ဖြစ်စေနိုင်ပါတယ်။

၉) ဆေးဝါးများကို ညဘက်မှာချည်း စုမသောက်ပါနှင့်

ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးဝါးတွေကို ညဘက်မှာ စုပြီး မှီဝဲရင် အိပ်ရေးပျက်တာမျိုး ဖြစ်စေနိုင်ပါတယ်။

၁၀) ကြက်သီးနွေးရေ ချိုးပေးပါ

ညဘက်ကောင်းကောင်း အိပ်မောကျနိုင်အောင် ကြက်သီးနွေးရေနဲ့ ရေချိုးပြီး သက်သောင့်သက်သာရှိတဲ့ ညအိပ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ပေးပါ။

ဇွန်
BY GOOD HEALTH


အေးချမ်းမွန်...........
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map