Home »
သတင်း
» အမျိုးသမီးနှင့် မွေးကင်းစကလေး အလောင်းများကိစ္စ လူသတ်မှု အဖြစ်အရေးယူ ======================================== ဝေဝေနှင်း
အမျိုးသမီးနှင့် မွေးကင်းစကလေး အလောင်းများကိစ္စ လူသတ်မှု အဖြစ်အရေးယူ ======================================== ဝေဝေနှင်း
ရန်ကုန် ၊ ဇူလိုင် - ၂၄ ။ ။ရွာသာကြီး ရပ်ကွက် ဒီဇင်ဘာ အိမ်ရာမုခ်ဦး
အဝင်လမ်း၏ အနောက်ဘက် ကွင်းထဲ၌ တွေ့ရှိရသော အမျိုး သမီးအလောင်းအား လူသေမှုမှ
လူသတ်မှုအဖြစ် ပြောင်းလဲအရေး ယူ ဆောင်ရွက်ထားကြောင်း ဒဂုံ
မြို့သစ်(တောင်ပိုင်း) ရဲစခန်းမှ သိရသည်။
ယင်းတွေ့ရှိရာနေရာတွင်
မီးဖွားထားသော အမျိုးသမီး တစ်ဦးနှင့် ဘေးတွင်မွေးကင်းစက
လေး(ယောက်ျားလေး)အလောင်း များမှာ ပုပ်ပွလျက် တွေ့ရှိရ၍ သေမှုသေခင်း အမှတ်စဉ်
၃၃/ ၂၀၁၃ ဖြင့်အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ယင်းအလောင်းများအား
သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ ပေးပို့စစ်ဆေးခဲ့ရာ မှုခင်းဆရာ ဝန်ကြီးမှ
သေဆုံးသူသည် ယာ ဘက် လည်ပင်းတွင် အရိုက်ခံရ သောဒဏ်ရာနှင့်ဗိုက်အား အကန်
ခံရသောကြောင့် သားအိမ်ပေါက် သေဆုံးခြင်းဖြစ်ကြောင်း၊ သား အိမ်ပေါက်ကာ
ထွက်ကျလာသော ကလေးမှာလည်း သေဆုံးနေခြင်း ဖြစ်ကြောင်း နှုတ်ဖြင့် ထင်မြင်
ချက်ပြောခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက် ၍ ထပ်မံစစ်ဆေးဆောင်ရွက်ခဲ့
ရာ သေဆုံးသူ မ----(၂၁)နှစ် အအေးခန်းအလုပ်သမတစ်ဦး ဖြစ်ပြီး
ယင်းနှင့်ချစ်ကြိုက်ခဲ့သူ ကို----(စုံစမ်းဆဲ)သည် ဇူလိုင် ၁၉ရက်က
လာရောက်ခေါ်ဆောင် သွားကြောင်း စက်ရုံရှိသက်သေ များက ထွက်ဆိုထားကြောင်း
သိရသည်။
လက်ရှိတွင် ဒဂုံမြို့သစ် တောင်ပိုင်းရဲစခန်းမှ (ပ) ၆၀၂/ ၂၀၁၃
ပုဒ်မ-၃၀၂ ဖြင့် ပြောင်းလဲ အမှုဖွင့်ကာ အမှုစစ်ဒုရဲအုပ် အောင်ဆန်းဦးမှ
တရားခံအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း ဒဂုံမြို့သစ်တောင်ပိုင်း
ရဲစခန်းမှ အတည်ပြုပြောသည်။
ဒဂုံမြို့သစ်တောင်ပိုင်း ရဲ
စခန်းမှတာဝန်ရှိသူတစ်ဦးက ''အဲ ဒီအမှုကို လူသတ်မှုအဖြစ်ပြောင်း
ဖွင့်ထားတာဟုတ်ပါတယ်။ တရား ခံက အရှေ့ဒဂုံကပါ။ တရားခံ ဖမ်းဆီးရမိရေးကို
အဲဒီနေ့က တည်းက စတင်ရှာဖွေနေပါ တယ်''ဟု ပြောသည်။
အေးချမ်းမွန်
0 comments:
Post a Comment