<div style='background-color: none transparent;'></div>

Home » » အခုဆေးလိပ် ဖြတ်လိုက်လျှင် ဘာတွေဖြစ်လာမလဲ

အခုဆေးလိပ် ဖြတ်လိုက်လျှင် ဘာတွေဖြစ်လာမလဲ



-ဆေးလိပ်သောက်ခြင်းကြောင့် သွေး ဖိအား (သွေးပေါင်) အတက်ဘက်
ရောက်နေရာမှ မိနစ် (၂၀) အတွင်း ပုံမှန်ပြန်ဖြစ်လာသည်။
-သွေးတွင်းအဆိပ်အတောက်ဓါတ် ငွေ့တစ်ခုဖြစ်သည့် ကာဗွန်မိုနောက် ဆိုဒ် (CO) ပမာဏသည် ဆေးလိပ် ဖြတ်ပြီး ရှစ်နာရီအတွင်း တစ်ဝက် အထိလျော့ကျလာသည်။ အောက်စီ ဂျင်ပမာဏသည်လည်း ပုံမှန် ပြန်တက် လာသည်။
-ရုတ်တရက်နှလုံးဖောက်ပြန်မှု ( heart attack) ဖြစ်ပွားနိုင်ချေ (၄၈) နာရီအတွင်းလျော့ကျလာသည်။ ခန္ဓာကိုယ်တွင်းနီကိုတင်း (nicotine) အားလုံးကျေပျက်သွားပြီး ရသာရုံနှင့် ဂန္ဓာရုံ (taste and smell) စနစ် များပုံမှန်ပြန်ဖြစ်လာသည်။
-အဆုတ်လေပြွန်များ (၇၂) နာရီ အတွင်း ပျော့ပြောင်းလာသည်။
-နှစ်ပတ်အတွင်း ခန္ဓာကိုယ်သွေး လည်ပတ်မှုစတင်ကောင်းမွန်လာပြီး နောက်ဆယ်ပတ်အထိ တောက်လျှောက် တိုးတက်လာသည်။
-သုံးလမှ ကိုးလအတွင်း အဆုတ် စွမ်းရည် ဆယ်ရာခိုင်နှုန်းတက်လာ သဖြင့် ချောင်းဆိုးခြင်း၊ အသက်ရှူ ကျပ်ခြင်းများ သက်သာလာသည်။
-လေဖြတ်ဝေဒနာ ဖြစ်ပွားနိုင်ချေ ငါးနှစ်အတွင်း လျော့ကျလာပြီး ဆေး လိပ်မသောက်ဘူးသူ တစ်ဦးကဲ့သို့ ပုံမှန်ဖြစ်လာသည်။
-အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ချေ ဆယ်နှစ်အတွင်း လျော့ကျလာပြီး ဆေးလိပ်မသောက်ဘူးသူ တစ်ဦးကဲ့ သို့ ပုံမှန်ဖြစ်လာသည်။
ဆေးလိပ်ဖြတ်လျှင် ချက်ချင်း လက်ငင်းအကျိုးခံစားရပါသည်။ ဆေးလိပ်ဖြတ်
လျှင် ပြန်သောက်မိမှာ စိုးရိမ်သည့် တောင့်တစိတ်တွေဖြစ်မှာ စိုးရိမ်သည့် အတွေးတွေ ဘေးဖယ် ထားပြီး အခုချက်ချင်း ဖြတ်ပစ်ပါ။

ဇော်ကို
Source:RD
Health Updates Journal


အေးချမ်းမွန်  ...
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map