<div style='background-color: none transparent;'></div>

Home » » ဟီဂူအင်နှင့် ရေနာ နာပိုလီ ရောက်ရန် ဆေးအောင်ပြီ

ဟီဂူအင်နှင့် ရေနာ နာပိုလီ ရောက်ရန် ဆေးအောင်ပြီ



ရီးရဲလ် တိုက်စစ်မှူး ဟီဂူအင်နှင့် လီဗာပူး ဂိုးသမား ရေနာတို့သည် အီတလီ စီးရီးအေ ကလပ် နာပိုလီသို့ ရောက်ရန် အတွက် ဆေးစစ်ချက် အောင်မြင်သွားပြီး လာမည့် တနလာင်္နေ့တွင် တရားဝင် အပြောင်းအရွှေ့ ဖြစ်မြောက်မည်ဟု နာပိုလီ ဥက္ကဌ အော်ရယ်လီယို ဒီလော်ရန်းတစ်က ဆိုသည်။
အသက် ၂၅ နှစ် အရွယ်ရှိ ဟီဂူအင်သည် ရီးရဲလ်မှ နာပိုလီသို့ ပေါင် ၃၄.၅ သန်း နှင့်အတူ ၅ နှစ် စာချုပ်ဖြင့် ရောက်ရန် သေချာနေပြီး စပိန် ဂိုးသမား ရေနာမှာ ယခင် လီဗာပူး နည်းပြဟောင်း ဘက်နီတက်ဇ် ရှိရာ နာပိုလီသို့ တစ်ရာသီ အငှားဖြင့် ရောက်ရှိတော့မည် ဖြစ်သည်။ အဆိုပါ ကစားသမား ၂ ဦးသည် ရောမမြို့ရှိ ဆေးရုံတစ်ခုတွင် ဆေးစစ်မှုများ ခံယူခဲ့ခြင်းအပေါ် မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးပြီး ယင်းအခြေအနေကို နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ်ကလည်း Twitter မှနေ၍ အတည် ပြုထားသည်။
လီဗာပူး အသင်းမှ ရေနာသည် ဂါလာတာစာရေး အပြင် အာဆင်နယ် အသင်းများနှင့် သတင်း ထွက်ခဲ့ဖူးသော်လည်း ယခုတွင် နာပိုလီမှာ ယခင် လီဗာပူး နည်းပြဟောင်း ဘက်နီတက်ဇ်နှင့် ပြန်လည် လက်တွဲခွင့် ရရှိမည့် အခွင့်အရေး အပေါ် ၀မ်းသာနေကြောင်း သူ၏ အေးဂျင့်ဖြစ်သူက ဆိုသည်။

Ref : http://www.yatanarpon.com.mm/

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map