<div style='background-color: none transparent;'></div>

Home » » ပြည်တွင်းဘဏ်များ Mobile Banking လုပ်ဆောင်ရန် နည်းပညာပိုင်း အဆင်သင့်ဖြစ်

ပြည်တွင်းဘဏ်များ Mobile Banking လုပ်ဆောင်ရန် နည်းပညာပိုင်း အဆင်သင့်ဖြစ်





ချိုကို | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၀ ရက် ၂၀၁၃ ခုနှစ် ၀၇ နာရီ ၄၇ မိနစ်

ဘဏ်လုပ်ငန်းဆိုင်ရာများကို မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် လုပ်ဆောင်နိုင်သော Mobile Banking စနစ် လုပ်ဆောင်ရန် နည်းပညာပိုင်း
နှင့် လုပ်ငန်းစဉ်များအတွက် ပြည်တွင်းဘဏ်များ အဆင်သင့်ဖြစ်နေသော်လည်း ဗဟိုဘဏ်က ခွင့်ပြုမှသာ ဩဘငူန ညြေုငညါစနစ် စတင် လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်(AGD)၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ပြောသည်။

Mobile Banking မှာ ဘဏ်စာရင်းကိစ္စများကို မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် ဆောင်ရွက်နိုင်သော နည်းလမ်းတစ်ခုဖြစ်ပြီး ၂၄နာရီ ပတ်လုံး ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဦးရဲမင်းဦးက “ကျွန်တော်တို့ဘဏ်တွေကတော့ Mobile Banking အတွက် Application တွေရေးပြီးသွားပြီ။ အဆင်သင့်လဲ ဖြစ်နေပြီ။ ဗဟိုဘဏ်ရဲ့ခွင့်ပြုချက်ကို စောင့်နေတယ်။ ဗဟိုဘဏ်ကခွင့်ပြုမှ ကျွန်တော်တို့ Mobile Banking ကို စတင်နိုင်မယ်” ဟု မဇ္ဈိမကို ပြောသည်။

ပြည်တွင်းဘဏ်များတွင် အဆိုပါစနစ် စတင်နိုင်ရန် ဗဟိုဘဏ်က ခွင့်ပြုချက်ပေးရာတွင် ငွေပေးချေမှုများ၊ လုပ်ငန်းစဉ်များတွင်
ဖြစ်ပေါ်နိုင်သည့်ပြဿနာများကို ဖြေရှင်းပေးနိုင်မည့် စည်းမျဉ်းစည်းကမ်း(Regulation) များ လိုအပ်သောကြောင့် ဗဟိုဘဏ်အနေဖြင့် Mobile Banking Regulation များကို ရေးဆွဲပြီး ရှေ့နေချုပ်ရုံးသို့ တင်ပြထားသည်ကို ဘဏ်များအနေဖြင့် သိရသည်ဟု ဦးရဲမင်းဦးက ဆိုသည်။ ရှေ့နေချုပ်ရုံး အတည်ပြုပြီး Regulation ထွက်လာမှသာ Mobile Banking စတင် လုပ်ဆောင်ရန် ဗဟိုဘဏ်က ခွင့်ပြုပေးသွားနိုင်ကြောင်း ၎င်းက ခန့်မှန်းသုံးသပ်သည်။

“ဗဟိုဘဏ်ကလည်း ဒီအတိုင်းခွင့်ပြုပေးလို့ မရဘူး။ Electronic Payment (အီလက်ထရွန်းနစ်ငွေပေးချေမှု)အတွက Regulation တွေ မရှိဘူး။ အဲဒါကို ဗဟိုဘဏ်ကနေရေးပြီးတော့ ရှေ့နေချုပ်ရုံးကို တင်ထားတယ်။ ဒီ Regulation ကို အတည်ပြုပြီဆိုရင် ပြည်တွင်း ဘဏ်တွေ Mobile Banking စတင်ဖို့ ခွင့်ပြုပေးလိမ့်မယ်” ဟုလည်း ၎င်းက ဆိုသည်။

ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော CB ဘဏ်ကလည်း Mobile Banking လုပ်ကိုင်ရန် အသင့်ဖြစ်နေပြီဟု ပြောကြားလိုက်ပြီး အထွေထွေမန်နေဂျာ ဦးအုန်းသိန်းမြင့်က “Mobile Banking အတွက် နည်းပညာပိုင်းတွေက အဆင်သင့်ဖြစ်နေပြီ။ ဗဟိုဘဏ်က
ခွင့်ပြုပြီဆိုတာနဲ့ အခြားလုပ်ငန်းအဆင့်ဆင့် လုပ်ဆောင်ဖို့ အသင့်ရှိနေပါပြီ” ဟု ပြောသည်။

ပြည်တွင်းတွင် အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှုများပြုလုပ်နိုင်သော Online Payment စနစ်များ စမ်းသပ်အသုံးပြုနေသည်လည်းရှိပြီး လက်ရှိတွင် အသုံးပြုမှုအနည်းငယ်တွင်ကျယ်လာပြီဖြစ်သည်။ ယင်းသို့စမ်းသပ်သုံးစွဲမှုများရှိသော်လည်း Online Payment စနစ်များ၊ Mobile Banking စနစ်များ အသုံးပြုနိုင်ရန် ဥပဒေများ ရေးဆွဲပေးရန် လိုအပ်ကြောင်းလည်း ပြည်တွင်းအိုင်တီပညာရှင်အချို့က သုံးသပ်ကြသည်။

အွန်လိုင်းငွေပေးချေမှုများနှင့်ပတ်သက်ပြီး ပြည်တွင်းတွင် ဝန်ဆောင်မှုပေးနေသော Soft Gate Myanmar Co.,Ltd. မှ ဒါရိုက်တာ
ကိုရန်နောင်စိုးက “Online Payment ၊ Mobile Banking စတဲ့စနစ်တွေအတွက် ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ လိုအပ်ပါတယ်။ ဒါမှ အွန်လိုင်းပေါ်က ငွေပေးချေမှုတွေအတွက် အထိန်းအကွပ်တွေရရှိလာမှာဖြစ်ပြီး အသုံးပြုသူတွေအတွက်လည်း လုံခြုံစိတ်ချရမှာပါ” ဟု ပြောသည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map