<div style='background-color: none transparent;'></div>

Home » » "ကမ္ဘာ့ပထမဆုံး ရေပေါ် နျူကလီးယား ဓာတ်အားပေးစက်ရုံ ၂၀၁၆ ခုနှစ်တွင် စတင်လည်ပတ်မည်"

"ကမ္ဘာ့ပထမဆုံး ရေပေါ် နျူကလီးယား ဓာတ်အားပေးစက်ရုံ ၂၀၁၆ ခုနှစ်တွင် စတင်လည်ပတ်မည်"




ကမ္ဘာ့ပထမဆုံး ရေပေါ် နျူကလီးယား ဓာတ်အားပေးစက်ရုံကို ရုရှားနိုင်ငံက ၃ နှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်သည်။ အဆိုပါ နျူကလီးယား ဓာတ်အားေးပးစက်ရုံဖြင့် ဝေးလံသီခေါင်သော ဒေသများသို့ လျှပ်စစ်စွမ်းအင် ပေးပို့နိုင်မည်ဖြစ်ပြီး မိုးခေါင်သော ဒေသများသို့ သောက်သုံးရေ ထောက်ပံ့ပေးနိုင်ရန်လည်း ရုရှားက ရည်ရွယ်ထားသည်။

ရေပေါ် နျူကလီးယား ဓာတ်အားပေးစက်ရုံကို လာမည့် ၂၀၁၆ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း စိန့်ပီတာစဘတ်ဂ်တွင် ပြုလုပ်သည့် ၆ ကြိမ်မြောက် နိုင်ငံတကာ ရေတပ်ပြပွဲတွင် အလက်ဇန်ဒါ ဗော့ဇ်နီစကီက ပြောကြားသည်။ ၎င်းသည် ရုရှားနိုင်ငံ၏ အကြီးဆုံး သင်္ဘောတည်ဆောက်ရေးလုပ်ငန်း၏ ညွန်ကြားရေးမှူးချုပ် ဖြစ်သည်။

ရုရှားက တည်ဆောက်မည့် ရေပေါ် နျူကလီးယား ဓာတ်အားပေးစက်ရုံမှာ သင်္ဘောတစ်စင်းပုံစံဖြစ်ပြီး တန်ချိန် ၂၁,၅၀၀ ရှိကာ ဝန်ထမ်း ၆၉ ဦး တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ ရေပေါ် နျူကလီးယာ ဓာတ်အားပေးစက်ရုံမှာ သင်္ဘောပုံစံ တည်ဆောက်ထားသော်လည်း ခုတ်မောင်းနိုင်မည် မဟုတ်ဘဲ အခြား ဆွဲသင်္ဘောဖြင့် ဆွဲယူသွားနိုင်မည်ဖြစ်ရာ လိုအပ်သည့်နေရာတွင် သွားရောက်လည်ပတ်၍ စွမ်းအင်ထောက်ပံ့နိုင်မည်ဖြစ်ကြောင်း ရုရှားသတင်းဌာန RT News က ဖော်ပြသည်။

‪#‎Russia‬, ‪#‎floating‬ ‪#‎nuclear‬ ‪#‎power‬ ‪#‎plant‬
‪#‎PlanetMyanmar‬

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map