Home »
သတင်း
» မလေးရှားတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသော မြန်မာများ နိုင်ငံသားဖြစ်ကြောင်း အထောက်အထား ပြနိုင်ပါက နေရပ်သို့ ပြန်လာနိုင်
မလေးရှားတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသော မြန်မာများ နိုင်ငံသားဖြစ်ကြောင်း အထောက်အထား ပြနိုင်ပါက နေရပ်သို့ ပြန်လာနိုင်
မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ
အနေဖြင့် နိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ပြနိုင်ပါက နေရပ်သို့
ပြန်လာနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံး၏ ထုတ်ပြန်ချက်အရ
သိရသည်။
မလေးရှားနိုင်ငံသို့
တရားမ၀င် သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသားများ အနေဖြင့် နေရပ်သို့
ပြန်လာမည်ဆိုပါက မှတ်ပုံတင်နှင့် မြန်မာနိုင်ငံသားဖြစ်ကြောင်း တရားဝင်
ထောက်ခံချက်များကို မှာယူရမည်ဖြစ်ကာ မလေးရှားနိုင်ငံရှိ
မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွင် CI လျှောက်ထားရမည်ဟု သိရသည်။
မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း
အလုပ်သမားများအနက် နိုင်ငံကူး ပတ်(စ်)ပို့စာအုပ် မရှိသူများ၊ မိတ္တူသာ
ကိုင်ဆောင်ထားသူများ၊ အထောက်အထား ပြစရာ မရှိသူများ အနေဖြင့်
မြန်မာနိုင်ငံမှ ထုတ်ပေးသည့် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းနှင့်
ရပ်ကွက်ထောက်ခံစာများကို ပြန်လည်မှာယူပြီး မလေးရှားနိုင်ငံရှိ
မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွင် CI လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
CI လျှောက်ထားလိုသူများ အနေဖြင့် မှတ်ပုံတင်မူရင်း (သို့မဟုတ်) မိတ္တူ၊
အိမ်ထောင်စုစာရင်းနှင့် ရပ်ကွက်ရဲစခန်း ထောက်ခံစာတို့နှင့်အတူ အခမဲ့လာရောက်
လျှောက်ထားနိုင်သည်ဟု သိရသည်။ သို့သော် အထောက်အထား မရှိသူများ အနေဖြင့်
မြန်မာသံရုံးသို့ သွားရောက်ကာ မြန်မာနိုင်ငံသားဖြစ်ကြောင်း စစ်ဆေးမှုခံယူ
ပြီးပါက ပြန်ခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သံရုံးမှ
ထုတ်ပြန်ထားချက်အရ သိရသည်။
ယခုအစီအစဉ်ကြောင့်
မြန်မာနိုင်ငံသားဖြစ်ကြောင်း မှတ်ပုံတင်အတု ကိုင်ဆောင်ထားသူများ၊
မြန်မာနိုင်ငံသား မဟုတ်သူများ အနေနှင့် အခက်အခဲ တွေ့ဖွယ်ရှိကြောင်း သိရသည်။
အေးချမ်းမွန်
0 comments:
Post a Comment