Home »
သတင်း
» LinkedIn မှာ Sponsored Updates ပါဝင်လာ
LinkedIn မှာ Sponsored Updates ပါဝင်လာ

Facebook, Twitter တို့လိုပဲ LinkedIn ဟာလည်း နှစ်အနည်းငယ် အတွင်း
အသုံးပြုသူ အရေအတွက် သိသိသာသာ တိုးတက်လာတဲ့ Social Network ဆိုဒ်ကြီးတစ်ခု
ဖြစ်ပါတယ်။
လက်ရှိ Facebook မှာပါနေတဲ့ Sponsored Stories
တွေလိုပဲ LinkedIn မှာလည်း လုပ်ငန်းရှင်များအတွက် Sponsored Updates ကို
ထည့် သွင်း ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းကို ပိုမို လူသိ
များစေပြီး Human Resources ရှာဖွေမှုမှာလည်း ပိုမို လွယ်ကူစေ မှာ
ဖြစ်ပါတယ်။
LinkedIn ကို
အများစုက အလုပ်ရှာဖို့အတွက် အသုံးပြုကြပါတယ်။ လုပ်ငန်းရှင်များကလည်း
Account ဖွင့်ပြီး LinkedIn မှာ Sign up လုပ်ထား တဲ့ Account
ပိုင်ရှင်တွေထဲက သူတို့နဲ့ သင့်တော်မယ့်သူကို အလိုအလျောက် ရှာဖွေပါတယ်။
ရှာဖွေသူဖက်ကလည်း မိမိနဲ့ ဆက်စပ်မယ့် အလုပ်မျိုးကို အလွယ်တကူ
ရှာဖွေပေးနိုင်တာကြောင့် LinkedIn ဟာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး
စီမံကိန်းအတွက် အကောင်းဆုံး Social Network ဆိုဒ်တစ်ခုလို့တောင်
လက်ခံလာကြပါတယ်။
့ပြည်တွင်းမှာလည်း LinkedIn အကောင့်ဖွင့်ပြီး
အလုပ်ရသူ၊ လုပ်ငန်းရှင်နဲ့ ဆက်စပ်မိသူများ ရှိပြီး မြန်မာပြည်သို့
ဝင်ရောက်မယ့် စီးပွားရေး လုပ်ငန်းရှင်နဲ့ ကုမ္မဏီများကလည်း LinkedIn
မှာတစ်ဆင့် ရှာဖွေ စောင့်ကြည့်လျက် ရှိကြောင်း သိရပါတယ်။
.
Ref:mashable
Aung Kham (TSJ team)
http://blog.techspace.com.mm/2013/07/linkedin-sponsored-updates.html
အေးချမ်းမွ
0 comments:
Post a Comment