<div style='background-color: none transparent;'></div>

Home » » ကွာခြာလေသော ဘ၀ ရယ်.

ကွာခြာလေသော ဘ၀ ရယ်.

"ထွက်သွားကြစမ်းကွာ!!!!!!!!!!!!"
ဆိုင်ရှင် ဦးလေးကြီးရဲ့ ကြမ်းတမ်းလှတဲ့ ငေါက်သံနဲ့ တစ်ဆက်ထဲဆောင့်တွန်းတာကြောင့်
ကောင်လေးနဲ့ကောင်မလေး မောင်နှမနှစ်ယောက်လုံးကလန့်ပြီး ပက်လက်လန်လဲကျသွားတယ်
ဆိုင်ရှင်က ထပ်ပြီး ဒေါသတကြီးနဲ့
"စောစောစီးစီးကွာသူတောင်းစားတွေ ၀င်မလာနဲ့ ဆိုင်ကျက်သရေယုတ်တယ်!!!!"
...
ကောင်လေးက ဘာမှမပြောဘူး ခပ်မဲ့မဲ့မျက်နှာလေးနဲ့
ဆိုင်ရှင်ကိုပဲ ကြည့်နေတယ် သူ့ကိုသနားများ သနားပြီး
ပိုက်ဆံလေးနဲနဲလောက်ထည့်နိုင်မလားလို့ပေါ့
ဆိုင်ရှင်က နောက်တစ်ခွန်းထပ်ပြီးအော်တယ
"ဟေ့ရောင်တွေ မသွားသေးဘူးလား!!! တောက်!!!"
ကောင်လေး ခေါင်းလေးကို ငုံ့ အငယ်မလေးလက်ကိုဆွဲ လက်လျှော့ပြီးထွက်သွားတယ်......
သူတို့ဒီဆိုင်နဲ့ဆို ဒီလိုမောင်းထုတ်ခံရတာ ၅ဆိုင်လောက်ရှိပြီ
ပိုက်ဆံတောင်းလို့မရဘူး ... ထမင်းကျန်ဟင်းကျန်လေးတောင်မှမရဘူး
သူတို့အတွက် မနက်စာလေးတောင်မရသေးဘူး
မနက် စောစောကတဲက ထွက်လာတာ ခုထိ ဘာမှမရသေးဘူး
သူဗိုက်အရမ်းဆာနေပြီ .... ဒါပေမဲ့ သူလက်လျှော့လို့မဖြစ်ဘူး
သူ့ညီမလေးလဲ အရမ်းဆာနေလောက်ပြီ ......
သူ့ညီမလေးကလဲ အရမ်းငယ်သေးတော့ မသိတတ်ဘူး
အစ်ကိုကိုပြောတယ်
"ကိုကြီး ညီမလေး ဗိုက်အရမ်းဆာနေပြီ .... "
ကောင်လေး အရမ်းဝမ်းနည်းသွားတယ် .... သူတို့နှစ်ယောက်ရဲ့ အကြောင်းကိုပြန်စဉ်းစားကြည့်တယ်
ဘာလို့များ သူတို့က လူ့လောကထဲကိုရောက်ခဲ့ပါလိမ့်ပေါ့
သူတို့မှာ အဖေဆိုတာ မွေးကတဲက မရှိခဲ့ဘူး ဘယ်ကိုရောက်နေမှန်းလဲမသိဘူး
အမေဆိုတာလဲ သူတို့ကိုမွေးပြီး တော့သူတို့ငယ်ငယ်လေးမှာပဲဆုံးသွားတာ
ဆုံးသွားတဲ့အမေကိုယ်တိုင်ကလဲ သူတောင်းစားဆိုတော့ သူတို့ကိုကြည့်ရှုမဲ့လူကမရှိဘူး
ကောင်လေးစဉ်းစားနေရင်းနဲ့ သူတို့လမ်းလျှောက်လာတဲ့ မုန့်ဆိုင်နားမှာ အနက်ရောင်ကားအကောင်းစားကြီး
တစ်စီးလာရပ်တာတွေ့တော့လှည့်ကြည့်မိတယ် ... ကားတံခါးပွင့်လာတော့ ကားပေါ်က ၀တ်ကောင်းစားလှဝတ်ထားတဲ့အန်တီ
တစ်ယောက်ဆင်းလာတယ် ဒရိုင်ဘာကိုကားမှန်ချခိုင်းပြီးသူ့သားလေးကိုဘာစားချင်လဲလို့မေးတယ်
"မေမေ သားရေခဲမုန့်စားချင်တယ်" တဲ့
သူ့အမေကပြန်ပြောတယ်
"အေးလေသားလေးရဲ့ ခုရပ်တာ သားလေးစားချင်တာ ၀ယ်ကျွေးမလို့ပဲ ဘာရေခဲမုန့်စားချင်လဲပြော"
ဆိုပြီးမေးတယ် သူ့သားလေးက
"အင်း ချောကလက် . နို့ . စတော်ဘယ်ရီ သုံးမျိုးစားမယ်"
တဲ့ ... သူ့မေမေ မေးနေတာကို ဖြေပြီးတော့ သူ့လက်ထဲက အပြားလေးကို ဆော့နေတယ်
ဘာလေးလဲတော့ ကောင်လေးလဲမသိပါဘူး စာအုပ်လောက်ရှိတဲ့ဟာလေးပဲ ....
ဒါပေမဲ့ အဲ့တာလေးကို ကောင်လေးလဲဆော့ချင်တယ် ညီမလေးကိုလဲ ပေးဆော့ချင်တယ်
သူတို့လဲရေခဲမုန့်စားချင်တယ် ထမင်းလဲ ၀၀လင်လင်စားချင်တာပေါ့
အဲ့လိုဘာစားချင်လဲမေးမဲ့ မေမေနဲ့ဖေဖေလဲလိုချင်တယ်........
စဉ်းစားနေတုန်းသူတို့ဘ၀နဲ့အရမ်းကွာဝေးလွန်းတဲ့ ကားနက်ကြီးကသူတို့နားကနေဖြတ်သွားတယ်
ကောင်လေးက ထပ်ပြီးစဉ်းစားမိတယ် လူလူချင်းတူတူ သူတို့ဘာလို့များ ဒီလိုတွေ
ခံစားနေရသလဲပေါ့ ကောင်လေး စိတ်ကူးယဉ်နေတာကို မသိတဲ့သူ့ညီမလေးက
ကောင်လေး လက်ကိုလှမ်းဆွဲပြီး ထပ်ပြောတယ်
"ကိုကြီး ညီမလေး ဗိုက်အရမ်းဆာတယ်...."
ကောင်လေးက ပြန်ပြီး သတိဝင်သွားတယ် သူ့ညီမလေးရဲ့လက်ကိုတင်းတင်း
ပြန်ဆုပ်ကိုင်ပြီး ထိန်းထားရတဲ့ မျက်ရည်တွေကြားကနေပြောလိုက်တယ်
"အေးပါညီမလေးရယ် နောက်တစ်နေရာမှာ သွားတောင်းပြီး
ရရင် ညီမလေးကိုအရင်ဆုံးကျွေးမယ်နော်................"








အင်းလေးမီဒီယာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map