<div style='background-color: none transparent;'></div>

Home » » အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၆၀ ထောက်ပံ့ရန် Global Fund မှ သဘောတ

အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၆၀ ထောက်ပံ့ရန် Global Fund မှ သဘောတ





Created on Tuesday, 30 July 2013 16:56


မြန်မာနိုင်ငံ၏ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်ရောဂါ တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (Global Fund) မှ ၂၀၁၃-၂၀၁၆ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၆၀ ခန့်အထိ တိုးမြှင့်ထောက်ပံ့ပေးရန် သဘောတူထားပြီးဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

လက်ရှိ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေး လုပ်ငန်းများအတွက် လိုအပ်သော ရန်ပုံငွေများကို ယင်းအဖွဲ့မှပင် အဓိက ထောက်ပံ့ပေးနေခြင်း ဖြစ်ကြောင်းနှင့် ပြည်တွင်းအဖွဲ့အစည်းများနှင့် ရောဂါတားဆီး ကာကွယ်ရေး လုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ရန် အခြားပြည်ပ အဖွဲ့အစည်းများမှ ကမ်းလှမ်းမှုများ ရှိနေကြောင်း သိရသည်။

တရားဝင် ခန့်မှန်းတွက်ချက်မှုများအရ မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားနှုန်းမှာ ၂၀၀၇ ခုနှစ်တွင် ၀ ဒသမ ၆၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် ၀ ဒသမ ၅၃ ရာခိုင်နှုန်းသို့ လျော့နည်းကျဆင်းလာကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်၊ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် လူနာ ၅၃၀၀၀ ကျော်ကို အေအာဗွီဆေးဝါးဖြင့် ထောက်ပံ့ပေးနိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း အေအာဗွီ ဆေးဝါးဖြင့် ကုသရန်လိုအပ်သော လူနာပေါင်း တစ်သိန်းနှစ်သောင်းကျော်အနက် ၄၃ ရာခိုင်နှုန်းကို ကုသပေးနိုင်ခဲ့ကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် အေအာတီဆေးဝါးဖြင့် ကုသရန် လိုအပ်သောလူနာများ၏ ၈၅ ရာခိုင်နှုန်းကို လွှမ်းခြုံပေးနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ကျန်းမာရေး ဦးစီးဌာန၊ ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက် အနေဖြင့် ၂၀၀၅ ခုနှစ်မှစ၍ ဝေဘာဂီ အထူးကုဆေးရုံကြီး၊ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးနှင့် ထိုင်း-မြန်မာ နယ်စပ်ဒေသ ဆေးရုံကြီးလေးခုတွင် အေအာတီ ဆေးဝါးကုသရေး ဌာနများ ဖွင့်လှစ်ပြီး ဆေးကုသမှု လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်းနှင့် ၂၀၁၂ ခုနှစ်အထိ အစိုးရဆေးရုံကြီး ၄၈ ရုံတွင် အေအာတီဆေးဝါး ကုသရေးဌာနများ တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်ရှိ နှင်းဆီရင်ခွင် ကျန်းမာရေးကွန်ရက် အဆောက်အအုံအတွင်း အေအာတီဆေးဝါးယူရန် စောင့်ဆိုင်းနေသည့် ဝေဒနာရှင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map