<div style='background-color: none transparent;'></div>

Home » » သိန်းရှစ်ဆယ်ကျော် တန်ဖိုးရှိဘိန်းများ ဖမ်းဆီးရမိ

သိန်းရှစ်ဆယ်ကျော် တန်ဖိုးရှိဘိန်းများ ဖမ်းဆီးရမိ


Wednesday, July 31, 2013

ဇူလိုင်လ ၂၆ရက်နေ့ ညနေ ၄နာရီအချိန်တွင် လားရှိုးမူးယစ် အထူးအဖွဲ့သည် ကြိုတင်သတင်းပေးချက်အရ ရှောင်တခင်စစ်ဆေးနေစဉ် မသင်္ကာဖွယ် ယာဉ်တစ်စီးမှ တရားခံနှင့်အတူ မူးယစ်ဆေးဝါးများ ရှာဖွေဖမ်းဆီးအရေးယူ နိုင်ခဲ့ကြောင်း လားရှိုးမူးယစ် အထူးအဖွဲ့မှ သိရသည်။

လားရှိုးမှ မန္တလေးဘက်သို့ မောင်းနှင်လာသော စိန်နန်းစိုးခရီးသည်တင် ယာဉ်ငယ်အသင်းမှ ယာဉ်အမှတ်၉က/၇၁၈၀၊ HIACEယာဉ်ငယ် တစ်စီးကို ရပ်တန့်ရှာဖွေရာ ၎င်းယာဉ်တွင် လိုက်ပါလာသူ ခရီးသည် ဖိုးလှဆိုသူ၏ ခရီးဆောင် အိတ်အတွင်းမှ အ၀တ်များနှင့် ရောဝှက်ထားသော ရောင်စုံပလပ်စတစ် ဆပ်ပြာခွက်ထဲမှ ဘိန်းဖြူမှုန့်များကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းမူးယစ်အထူးအဖွဲ့မှ သိရသည်။

ဖမ်းဆီးတွေ့ရှိရာမှ ရောင်စုံဆပ်ပြာခွက် တစ်ခွက်လျှင် ဘိန်းဖြူမှုန့်(၁၃)ဂရမ်စီပါသော ဆပ်ပြာခွက်(၃၃)ခွက်ဖြစ်ပြီး အလေးချိန်ပေါင်းမှာ (၄၂၉)ဂရမ်ဖြစ်ပြီး ကာလတန်ဘိုးအားဖြင့် ငွေကျပ်သိန်း(၈၀)ကျော်ဖိုးကို တရားခံနှင့်အတူ ဖမ်းဆီးအရေ အရေးယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားခံဖိုးလှသည် လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာမှ ဘိန်းဖြူများကို ၀ယ်ယူခဲ့ပြီး ဗန်းမောက်မြို့နယ် မန်ကျဉ်းကုန်းကျေးရွာသို့ ဖြန့်ဖြူးရောင်းချရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းတရားခံ၏ ထွက်ဆိုချက်အရ သိရသည်။

ယင်းဘိန်းဖြူမူးယစ်ဆေးဝါး သယ်ဆောင်လာသူ တရားခံဖိုးလှအား နောင်ချိုမြို့မ ရဲစခန်းမှ မယ(ပ)၃၁/၂၀၁၃၊ မူးစိတ်ပုဒ်မ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားကြောင်း ၎င်းရဲစခန်းမှ သိရသည်။

ထွန်းထွန်း(လားရှိုး)

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map