Created on Tuesday, 30 July 2013 20:08
ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ်များအား ၎င်းတို့၏ လူမှုဘ၀ အခြေအနေ တိုးတက်ရေးအတွက် လိုအပ်သော အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ရနောင်းရှိ မြန်မာနိုင်ငံသားများသည် ငါးဖမ်းလှေများနှင့် အထွေထွေ အလုပ်သမားများအဖြစ် လုပ်ကိုင်နေကြရပြီး အဓမ္မ စေခိုင်းခံရခြင်းနှင့် ပြည့်တန်ဆာအဖြစ် ရောင်းချခံရခြင်းများ ကြုံတွေ့နေရသည်။
ထိုင်းနိုင်ငံရှိ မြန်မာကလေးငယ်များအား ပညာသင်ကြားပေးခြင်း မရှိပါက အမြတ်ထုတ် အသုံးချမှုများ ခံရနိုင်ပြီး လူမှုရေး ပြဿနာများ ကြုံတွေ့ရနိုင်ကြောင်း Ranong Primary Education Zone ၏ လက်ထောက်အကြီးအကဲ Prarom Nakbumrung က ပြောကြားသည်။
"ထိုင်းနိုင်ငံသားတွေဟာ ငါးဖမ်းတဲ့ လုပ်ငန်းမှာ မြန်မာနိုင်ငံသားတွေလို ပင်ပင်ပန်းပန်း မလုပ်ချင်ကြပါဘူး။ ဒါ့ကြောင့် မြန်မာအလုပ်သမားတွေကို ပစ်ပယ်ထားလို့ မရပါဘူး။ ဒီတော့ သူတို့ကလေးတွေအတွက် ဘ၀အာမခံချက်ရှိမယ့် တိုးတက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးသင့်ပါတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။
ရနောင်းခရိုင်တွင် မြန်မာနိုင်ငံသားများအတွက် ဖွင့်လှစ်ထားသည့် စာသင်ကျောင်းပေါင်း ၁၃ ကျောင်းရှိပြီး ကျောင်းသားပေါင်း ၃၀၀၀ မှ ၄၀၀၀ အထိ တက်ရောက်နေကြသည်။ အဆိုပါ ကျောင်းများတွင် ထိုင်းဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား၊ မြန်မာဘာသာစကားနှင့် သင်္ချာ၊ လူမှုသိပ္ပံ ဘာသာရပ်များအား အဓိက သင်ကြားပေးသည်။ Prarom က ထိုကျောင်းများတွင် မြန်မာနိုင်ငံမှ သင်ရိုးများအား အခြေခံကာ သင်ကြားပေးခြင်းဖြစ်ပြီး တက်ရောက်အောင်မြင်သူများ အနေဖြင့် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ဆက်လက်ပညာ သင်ကြားနိုင်ရန်အတွက် အောင်လက်မှတ်များ ထုတ်ပေးနိုင်ရန် Basic Education Commission နှင့် ပူးပေါင်းကာ ဆောင်ရွက်နေကြောင်း ပြောကြားသည်။
ရနောင်းခရိုင်တွင် တရားဝင်လူဦးရေ ၁၈၃၀၇၉ ဦးရှိပြီး တရားမ၀င်နေထိုင်သူ မြန်မာနိုင်ငံသား ၅၀၀၀၀ မှ ၈၀၀၀၀ ကြား ရှိနေသည်။ ထို့အပြင် ထိုင်းနိုင်ငံတွင် မွေးဖွားသည့် မြန်မာနိုင်ငံသား ၁၀၀၀ ခန့် ရှိကြောင်း ရနောင်းခရိုင် လက်ထောက်အုပ်ချုပ်ရေးမှူး Viroj Saengsivarith ၏ ပြောစကားအရ သိရသည်။ ရနောင်းခရိုင်သည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်အပြင် ရေကြောင်းမှတစ်ဆင့် အလွယ်တကူ ၀င်ရောက်နိုင်ခြင်းကြောင့် မြန်မာနိုင်ငံသားများ လူကုန်ကူးခံရမှု ဖြစ်ပွားလေ့ရှိသော နေရာတစ်ခုလည်း ဖြစ်သည်။ အချို့သော ရွှေ့ပြောင်းအလုပ်သမားများသည
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ကလေးငယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-The Nation)
အေးချမ်းမွန်


0 comments:
Post a Comment