Wednesday, July 31, 2013
တရုတ်နိုင်ငံ တစ်ဝန်း အပူလှိုင်း ကျရောက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ရှန်ဟိုင်းမြို့ရဲ့ ဇူလိုင်လ အပူချိန်ဟာ အမြင့်ဆုံး အခြေအနေကို ရောက်နေပါတယ်။
ပြီးခဲ့တဲ့ တပတ် အတွင်း အပူချိန်ဟာ ၃၈ ဒီကရီ စင်တီဂရိတ် အထက်မှာပဲ ရှိနေခဲ့ပြီး ဒါဟာ နှစ်ပေါင်း ၁၄၀ အတွင်း ရှန်ဟိုင်းမြို့ရဲ့ အပူဆုံး အခြေ အနေကို ရောက်ရှိ နေတာ ဖြစ်ပါတယ်။
အခု အဖြစ်အပျက်ကြောင့် လူ ၂ ဦး သေဆုံးပြီး အများ အပြား ဆေးရုံ တင်ထား ရတယ်လို့ ဒေသတွင်း မီဒီယာတွေက ဆိုပါတယ်။
ရှန်ဟိုင်းမြို့နေ ပြည်သူ တွေဟာ အပူဒဏ်က သက်သာဖို့ လေအေးစက် တပ်ဆင် ထားတဲ့ မြေအောက် ရထားဘူတာတွေ မှာ စုဝေးပြီး နေကြရပေမယ့် အပူ ချိန် မြင့်မားလွန်းတာကြောင့် လေအေး ပေးစက်တွေဟာလည်း ထိထိ ရောက်ရောက် မရှိလှဘူးလို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ပြည်နယ်ပေါင်း ၁၉ ခု နဲ့ မြို့ကြီးတွေ အတော်များများမှာ နွေရာသီရဲ့ ပြင်းထန်တဲ့ အပူဒဏ်ကို ခံစားနေကြရပါတယ်။
ပြီးခဲ့တဲ့ နှစ် ၂၀၁၂ ခုနှစ်တုန်းက သြစတြေးလျနိုင်ငံမှာလည်း အပူချိန်ဟာ ၃၉ ဒီကရီစင်တီဂရိတ်အထက်မှာ ၇ ရက်ဆက်တိုက် ရှိနေခဲ့ပါတယ်။
ABC Radio Australia
ရှန်ဟိုင်းရဲ့ အပူချိန်ဟာ နှစ်ပေါင်း ၁၄၀ ကျော်အတွင်း အမြင့်မားဆုံး အခြေအနေကို ရောက်ရှိနေ။ (Credit: AFP)
အေးချမ်းမွန်................မှ
0 comments:
Post a Comment