<div style='background-color: none transparent;'></div>

Home » » ~လျော့ရဲနေသောအရေပြားတင်းရင်းလှပစေမည့်သဘာဝနည်းဖြင့်ပေါင်းတင်နည်းများ~

~လျော့ရဲနေသောအရေပြားတင်းရင်းလှပစေမည့်သဘာဝနည်းဖြင့်ပေါင်းတင်နည်းများ~



အရေပြား လျော့တွဲတာကအသက်အရွယ်ကြီးလာတာကြောင့် ဖြစ်ပေါ်လာတဲ့ မျက်နှာ အရေပြားရဲ့ သဘာဝဖြစ်စဉ် တစ်ခုပါ။ မေးအောက်ပိုင်းနဲ့ မျက်စိအောက်ပိုင်းတွေမှာ ပိုသိသာတတ်ပါတယ်။ အရေပြား လျော့တွဲတာက အရေပြား တင်းရင်းစေတဲ့ အီလက်စတင်နဲ့ ကော်လာဂျင်တို့ ဆုံးရှုံးမှုကြောင့် ဖြစ်ရတာပါ။ အရေပြား လျော့တွဲမှု ကင်းပြီး ပုံမှန်ဖြစ်စဉ် ပြန်ရဖို့ဆိုရင် အောက်ပါ အိမ်သုံးနည်းတွေကို လိုက်နာသင့်ပါတယ်။

ကြက်ဥအကာ၊ဘဲဥအကာဖြင့် ပေါင်းတင်နည်း...

ကြက်ဥအကာ/ဘဲဥအကာကို သံလွင်ဆီနဲ့ရောပြီး မျက်နှာပေါ်လိမ်းရင် အရေပြား လျော့တွဲမှုနဲ့ အရေးကြောင်းတွေကို လျော့ကျစေပါတယ်။ ကြက်ဥ/ဘဲဥအကာဟာ အရေပြားမှာ ကော်လာဂျင် ထုတ်လုပ်မှုကို ကောင်းစေပြီး သံလွင်ဆီက အသားအရေကို ရေဓာတ်ပြည့်ဝကာ စိုပြည်စေပါတယ်။ ဒီနှစ်ခုပေါင်းပြီး ပေါင်းတင်ပေးတာကြောင့် လျော့ရဲနေတဲ့ အရေပြားကို တင်းရင်းသွားစေတာပါ။

ငှက်ပျောသီးဖြင့် ပေါင်းတင်နည်း...

ကြိတ်ချေထားတဲ့ ငှက်ပျောသီးမှည့် တစ်လုံး၊ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းနဲ့ သံလွင်ဆီ လက်ဖက်စားဇွန်း တစ်ဇွန်းတို့ကို ရောပြီး မျက်နှာပြင်အနှံ့ လိမ်းပေးတာကြောင့် အရေပြားကို တင်းရင်းစေပြီး ချက်ချင်း ကြည်လင် တောက်ပစေပါတယ်။ အရေပြားမှာ အစိုဓာတ် ရှိနေစေတဲ့အပြင် ဆီကြည်ထွက်ရှိမှုကို ထိန်းညှိပေးပါတယ်။

နနွင်းမှုန့်နှင့် ရေတို့ဖြင့် ပေါင်းတင်နည်း...

နနွင်းမှုန့်နဲ့ ရေကို စေးပျစ်အောင် ရောမွှေပြီး မျက်နှာ အရေပြားအနှံ့ ညီညီမျှမျှလိမ်းပါ။ပြီးရင်၁၅မိနစ်ကြာ ခြောက်သွေ့အောင်ထားပြီး ရေအေးနဲ့ ဆေးကြောလိုက်ပါ။ ဒီအိမ်တွင်းကုထုံးဟာ အသားအရေကို တင်းရင်း လှပစေပါတယ်။

စတော်ဘယ်ရီသီးနှင့်ဒိန်ချဉ်တို့ဖြင့် ပေါင်းတင်နည်း...

စတော်ဘယ်ရီသီး အနည်းငယ်ကို ကြိတ်ချေလိုက်ပါ။ ပြီးရင် ဒိန်ချဉ်နဲ့ရောပြီး အနှစ်သားရအောင် လုပ်ကာ မျက်နှာအနှံ့ သုတ်လိမ်းပေးပါ။ မိနစ် အနည်းငယ်ကြာမှ ရေနဲ့ ဆေးချလိုက်ပါ။ ဒီနည်းက တိုနာအနေနဲ့လည်း အသုံးဝင်တာကြောင့် ချွေးပေါက် ကျဉ်းစေပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး မျက်နှာကို နုနယ် လှပစေပါတယ်။

ခရမ်းချဉ်သီးအနှစ်ရည်ဖြင့် ပေါင်းတင်နည်း...

ခရမ်းချဉ်သီးအရည်ကိုမျက်နှာအရေပြားအနှံ့သုတ်လိမ်းကာ စက်ဝိုင်းပုံစံအတိုင်း ညင်ညင်သာသာ နှိပ်နယ်ပါ။ အချိန် ငါးမိနစ်ကြာမှ ရေအေးနဲ့ ဆေးကြောရမှာ ဖြစ်ပါတယ်။ ခရမ်းချဉ်သီး အရည်ကို အဆတ်မပြတ် လိမ်းတာကြောင့် လျော့တွဲနေတဲ့ အရေပြားကို တင်းရင်းစေပြီး ချွေးပေါက်ကျဉ်းကာ အသားအရေကို ကြည်လင် တောက်ပစေပါတယ်။

ပင်လယ်ဆားဖြင့် ကြေးချွတ်ပါ...

တစ်ပတ်တစ်ကြိမ် ပင်လယ်ဆားခတ်ထားတဲ့ ကြက်သီးနွေးရေနဲ့ ရေချိုးလိုက်ရင် အရေပြားကို တင်းရင်းစေပြီး ငယ်နုတဲ့အသွင်အပြင် ဖြစ်စေပါတယ်။

post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map