<div style='background-color: none transparent;'></div>

Home » » ပခုက္ကူမြို့နယ်တွင်း ဧရာဝတီ မြစ်ကမ်းဘေးရှိ ကျေးရွာများ ဇူလိုင်လ ပထမပတ်မှစ၍ ကမ်းပြိုမှု

ပခုက္ကူမြို့နယ်တွင်း ဧရာဝတီ မြစ်ကမ်းဘေးရှိ ကျေးရွာများ ဇူလိုင်လ ပထမပတ်မှစ၍ ကမ်းပြိုမှု

ပခုက္ကူမြို့နယ်တွင်း ဧရာဝတီ မြစ်ကမ်းဘေးရှိ မရိုးကုန်း၊ မြင်းကျွန်းနှင့် သိမ်ကုန်းကျေးရွာများမှာ ဇူလိုင်လ ပထမပတ်မှ စတင်၍ မြစ်ရေမြင့်တက်မှု မြန်ဆန်လာပြီး လေတိုက်နှုန်း ပြင်းထန်လာသောကြောင့် ကမ်းပြိုကျမှု ဆိုးရွားစွာ ဖြစ်ပေါ်လာသည့်အတွက် လူနေအိမ် ၁၀၀ နီးပါးနှင့် ကျေးရွာဘုန်းတော်ကြီး ကျောင်းများသို့ အလျင်အမြန် ရွှေ့ပြောင်းနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

"ဒီလ (ဇူလိုင်) အစောပိုင်းမှာ မြစ်ရေက တအားတက်လာတယ်။ လေတိုက်နှုန်းကလည်း တအားမြန်လာတော့ ကမ်းပါးတွေက လှိုင်းရိုက်ပြီး တအားပြိုတော့တာပဲ။ တစ်နေ့တည်း ပေ ၅၀ ကျော်လောက် ပြိုနေတော့ တချို့ရက်တွေဆိုရင် ညတွင်းချင်း အိမ်တွေဖျက်ပြီး ပြောင်းရတယ်။ မြင်းကျွန်းက ၁၇ အိမ်၊ မရိုးကုန်းက ၉၄ အိမ်၊ သိမ်ကုန်းက လေးအိမ်ဖျက်ပြီး ရွှေ့ထားတယ်။ ကျန်တဲ့အိမ်တွေလည်း ဆက်ပြီးရွှေ့ရမယ်။ ကမ်းပြိုတာ ကြုံတဲ့သက်တမ်းတစ်လျှောက် ဒီနှစ်က အဆိုးရွားဆုံးပဲ" ဟု သိမ်ကုန်းရွာသား ကိုနိုင်လွင်မောင်က ပြောကြားသည်။
တစ်နေ့တည်း ပေ ၅၀ ကျော်လောက် ပြိုနေတော့ တချို့ရက်တွေဆိုရင် ညတွင်းချင်း အိမ်တွေဖျက်ပြီး ပြောင်းရတယ်။ မြင်းကျွန်းက ၁၇ အိမ်၊ မရိုးကုန်းက ၉၄ အိမ်၊ သိမ်ကုန်းက လေးအိမ်ဖျက်ပြီး ရွှေ့ထားတယ်။ ကျန်တဲ့အိမ်တွေလည်း ဆက်ပြီးရွှေ့ရမယ်။ ကမ်းပြိုတာ ကြုံတဲ့သက်တမ်းတစ်လျှောက် ဒီနှစ်က အဆိုးရွားဆုံးပဲ . . . . .

"ဒီရွာမှာ ဦးဇင်းကျောင်းထိုင်တဲ့ သက်တမ်းတစ်လျှောက်မှာ ကမ်းပြိုလို့ ကျောင်းရွှေ့ရတာ နှစ်ကြိမ်ရှိပြီ။ ဒီနှစ်ကမ်းပြိုတာကတော့ အရင်နှစ်တွေထက် အတော်လေး ဆိုးဆိုးရွားရွား ကြုံတွေ့ရတာပဲ" ဟု သိမ်ကုန်းနှင့် မရိုးကုန်း ရွာကျောင်းဆရာတော် ဦးအဓိကက မိန့်ကြားသည်။

"ကမ်းပြိုတာ မများခင်တုန်းက တစ်ဧကကို ၃၆ သိန်းနဲ့ဝယ်ဖို့ မြေရှင်နဲ့ သဘောတူထားတာ။ ကမ်းပြိုတာလည်း တအားဆိုးရော မြေ၀ယ်တဲ့သူ များလာတော့ တစ်ဧက ၃၉ သိန်းလောက်ရမှ ရောင်းနိုင်တော့မယ်ဆိုပြီး ဈေးတွေတက်ရောင်းကြတော့ ကျွန်တော်တို့မှာ နေထိုင်ရေးအတွက် အတော်လေး အဆင်မပြေ ဖြစ်နေတယ်" ဟု မရိုးကုန်းရွာသား တစ်ဦးက ပြောကြားသည်။

"ကမ်းပြိုတဲ့အိမ်တွေ အလျင်အမြန် ရွှေ့ပြောင်းနိုင်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက် နေရပါတယ်။ ကမ်းပြိုလို့ ရွှေ့ပြောင်းနေထိုင်ရသူတွေ အနေနဲ့ ကာလပေါက်ဈေးအတိုင်း မြေနေရာဝယ်ယူဖို့ အတွက်လည်း မြေပိုင်ရှင်တွေနဲ့ ညှိနှိုင်းပါမယ်။ ဇူလိုင် ၈ ရက်မှာ တိုင်းဝန်ကြီးချုပ် ကိုယ်တိုင်လာပြီး ကမ်းပြိုတဲ့ အခြေအနေကို စစ်ဆေးသွားပါတယ်။ နေအိမ်ရွှေ့ပြောင်းရသူတွေ အမြန်ဆုံး အမိုးအကာအောက် ရောက်ရေးအတွက်လည်း ဆက်လုပ်ပေးသွားပါမယ်" ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ပခုက္ကူမြို့နယ် သိမ်ကုန်းရွာတွင် ကမ်းပြိုမှုကြောင့် အိမ်များရွှေ့ပြောင်းနေကြစဉ်

အေးချမ်းမွန်
Re-post By ACM 10-7-2013

ပခုက္ကူမြို့နယ်တွင်း ဧရာဝတီ မြစ်ကမ်းဘေးရှိ ကျေးရွာများ ဇူလိုင်လ ပထမပတ်မှစ၍ ကမ်းပြိုမှု ဆိုးရွားစွာ ဖြစ်ပေါ်လာသည့်အတွက် ဒေသခံ အများအပြား ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင်း ဧရာဝတီ မြစ်ကမ်းဘေးရှိ မရိုးကုန်း၊ မြင်းကျွန်းနှင့် သိမ်ကုန်းကျေးရွာများမှာ ဇူလိုင်လ ပထမပတ်မှ စတင်၍ မြစ်ရေမြင့်တက်မှု မြန်ဆန်လာပြီး လေတိုက်နှုန်း ပြင်းထန်လာသောကြောင့် ကမ်းပြိုကျမှု ဆိုးရွားစွာ ဖြစ်ပေါ်လာသည့်အတွက် လူနေအိမ် ၁၀၀ နီးပါးနှင့် ကျေးရွာဘုန်းတော်ကြီး ကျောင်းများသို့ အလျင်အမြန် ရွှေ့ပြောင်းနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

"ဒီလ (ဇူလိုင်) အစောပိုင်းမှာ မြစ်ရေက တအားတက်လာတယ်။ လေတိုက်နှုန်းကလည်း တအားမြန်လာတော့ ကမ်းပါးတွေက လှိုင်းရိုက်ပြီး တအားပြိုတော့တာပဲ။ တစ်နေ့တည်း ပေ ၅၀ ကျော်လောက် ပြိုနေတော့ တချို့ရက်တွေဆိုရင် ညတွင်းချင်း အိမ်တွေဖျက်ပြီး ပြောင်းရတယ်။ မြင်းကျွန်းက ၁၇ အိမ်၊ မရိုးကုန်းက ၉၄ အိမ်၊ သိမ်ကုန်းက လေးအိမ်ဖျက်ပြီး ရွှေ့ထားတယ်။ ကျန်တဲ့အိမ်တွေလည်း ဆက်ပြီးရွှေ့ရမယ်။ ကမ်းပြိုတာ ကြုံတဲ့သက်တမ်းတစ်လျှောက် ဒီနှစ်က အဆိုးရွားဆုံးပဲ" ဟု သိမ်ကုန်းရွာသား ကိုနိုင်လွင်မောင်က ပြောကြားသည်။
တစ်နေ့တည်း ပေ ၅၀ ကျော်လောက် ပြိုနေတော့ တချို့ရက်တွေဆိုရင် ညတွင်းချင်း အိမ်တွေဖျက်ပြီး ပြောင်းရတယ်။ မြင်းကျွန်းက ၁၇ အိမ်၊ မရိုးကုန်းက ၉၄ အိမ်၊ သိမ်ကုန်းက လေးအိမ်ဖျက်ပြီး ရွှေ့ထားတယ်။ ကျန်တဲ့အိမ်တွေလည်း ဆက်ပြီးရွှေ့ရမယ်။ ကမ်းပြိုတာ ကြုံတဲ့သက်တမ်းတစ်လျှောက် ဒီနှစ်က အဆိုးရွားဆုံးပဲ . . . . .

"ဒီရွာမှာ ဦးဇင်းကျောင်းထိုင်တဲ့ သက်တမ်းတစ်လျှောက်မှာ ကမ်းပြိုလို့ ကျောင်းရွှေ့ရတာ နှစ်ကြိမ်ရှိပြီ။ ဒီနှစ်ကမ်းပြိုတာကတော့ အရင်နှစ်တွေထက် အတော်လေး ဆိုးဆိုးရွားရွား ကြုံတွေ့ရတာပဲ" ဟု သိမ်ကုန်းနှင့် မရိုးကုန်း ရွာကျောင်းဆရာတော် ဦးအဓိကက မိန့်ကြားသည်။

"ကမ်းပြိုတာ မများခင်တုန်းက တစ်ဧကကို ၃၆ သိန်းနဲ့ဝယ်ဖို့ မြေရှင်နဲ့ သဘောတူထားတာ။ ကမ်းပြိုတာလည်း တအားဆိုးရော မြေ၀ယ်တဲ့သူ များလာတော့ တစ်ဧက ၃၉ သိန်းလောက်ရမှ ရောင်းနိုင်တော့မယ်ဆိုပြီး ဈေးတွေတက်ရောင်းကြတော့ ကျွန်တော်တို့မှာ နေထိုင်ရေးအတွက် အတော်လေး အဆင်မပြေ ဖြစ်နေတယ်" ဟု မရိုးကုန်းရွာသား တစ်ဦးက ပြောကြားသည်။

"ကမ်းပြိုတဲ့အိမ်တွေ အလျင်အမြန် ရွှေ့ပြောင်းနိုင်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက် နေရပါတယ်။ ကမ်းပြိုလို့ ရွှေ့ပြောင်းနေထိုင်ရသူတွေ အနေနဲ့ ကာလပေါက်ဈေးအတိုင်း မြေနေရာဝယ်ယူဖို့ အတွက်လည်း မြေပိုင်ရှင်တွေနဲ့ ညှိနှိုင်းပါမယ်။ ဇူလိုင် ၈ ရက်မှာ တိုင်းဝန်ကြီးချုပ် ကိုယ်တိုင်လာပြီး ကမ်းပြိုတဲ့ အခြေအနေကို စစ်ဆေးသွားပါတယ်။ နေအိမ်ရွှေ့ပြောင်းရသူတွေ အမြန်ဆုံး အမိုးအကာအောက် ရောက်ရေးအတွက်လည်း ဆက်လုပ်ပေးသွားပါမယ်" ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ပခုက္ကူမြို့နယ် သိမ်ကုန်းရွာတွင် ကမ်းပြိုမှုကြောင့် အိမ်များရွှေ့ပြောင်းနေကြစဉ်

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map