<div style='background-color: none transparent;'></div>

Home » » "ဘော်စတွန်မာရသွန် ဗုံးခွဲမှု သံသယတရားခံကို ပထမဆုံးအကြိမ် တရားရုံးတွင် စစ်ဆေးမည်"

"ဘော်စတွန်မာရသွန် ဗုံးခွဲမှု သံသယတရားခံကို ပထမဆုံးအကြိမ် တရားရုံးတွင် စစ်ဆေးမည်"




ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်က အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့တွင် ကျင်းပသော မာရသွန်ပြိုင်ပွဲကို ဗုံးခွဲတိုက်ခိုက်ခဲ့သည့် သံသယတရားခံ ဇိုခါ ဆာနေ့ဗ်အား ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၀ ရက်) တွင် ပထမဆုံးအကြိမ် တရားရုံးထုတ် စစ်ဆေးမည်ဖြစ်သည်။

အသက် ၁၉ နှစ်အရွယ် ဆာနေ့ဗ်အား ဘော်စတွန်မာရသွန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး ၄ ရက်အကြာ ဧပြီ ၁၉ ရက်တွင် ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သည်။ ဘော်စတွန်မာရသွန် ဗုံးဖောက်ခွဲမှုကို အဓိက စီစဉ်ဆောင်ရွက်သူဖြစ်ကြောင်း ဆာနေ့ဗ်က ထွက်ဆိုထားသည့် ၎င်း၏အကိုဖြစ်သူမှာမူ ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း ဧပြီ ၁၈ ရက်က သေဆုံးခဲ့သည်။

‪#‎Boston‬, ‪#‎bombing‬
‪#‎PlanetMyanmar‬

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map