<div style='background-color: none transparent;'></div>

Home » » "ဂိုးသမား မာ့ခ်ရှဝါဇာကို ချယ်လ်ဆီးက မမျှော်လင့်ဘဲ စာချုပ်ခေါ်ယူ"

"ဂိုးသမား မာ့ခ်ရှဝါဇာကို ချယ်လ်ဆီးက မမျှော်လင့်ဘဲ စာချုပ်ခေါ်ယူ"




ချယ်လ်ဆီးအသင်းသည် မမျှော်လင့်ဘဲ ဩစတြေးလျ ဂိုးသမားကြီး မာ့ခ်ရှဝါဇာကို ရုတ်တရက် ခေါ်ယူ စာချုပ်လိုက်ကြောင်း သိရသည်။ ဟင်းနရစ်ခ် ဟီလာရီယိုနှင့် ရော့စ်တန်ဘူးလ်တို့ ထွက်ခွာသွားသည့်နောက် ချယ်လ်ဆီးတွင် ပီတာဆက်ခ်ျကို အားဖြည့်ပေးမည့် အရန်ဂိုးသမား မရှိဘဲ ဖြစ်နေရာ အသင်းမန်နေဂျာ ဟိုဆေး မော်ရင်ဟိုသည် နောဝှစ်ခ်ျစီးတီးမှ ဂျွန်ရူဒီကို ချိတ်ဆက်နေခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် လုံးဝ သတင်းမထွက်သည့် ဩစတြေးလျ ဝါရင့် ဂိုးသမားကြီး ရှဝါဇာကို (၁)နှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ခြင်း ဖြစ်သည်။ အသက်(၄၀)အရွယ်ရှိ ရှဝါဇာသည် ဖူလ်ဟမ် အသင်းမှ စာချုပ်သက်တမ်းစေ့ပြီး ကလပ်လက်မဲ့ ဖြစ်နေရာမှ ချယ်လ်ဆီးသို့ ရောက်ရှိလာသည်။

ချယ်လ်ဆီးသည် ဘယ်လ်ဂျီယံ လူငယ်လက်တက် ဂိုးသမားလေး သီဘောက် ကော့ထရစ်ကို စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်တွင် (၃)ရာသီမြောက် အငှားချရန် ဆုံးဖြတ်ခဲ့သည့်နောက် အရန်ဂိုးသမား တစ်ဦးကို ရှာဖွေခဲ့ရခြင်း ဖြစ်သည်။ ဖူလ်ဟမ်သည် ရိုးမားအသင်းမှ မာတင် စတီကလန်ဘာ့ဂ်ကို ဝယ်ယူပြီးသည့်နောက် ရှဝါဇာကို လက်လွှတ်ခံခဲ့သည်။

ချယ်လ်ဆီးပိုင် ဝက်ဘ်ဆိုက်နှင့် အင်တာဗျူးတွင် ရှဝါဇာက "ဒီအသင်းဟာ ပြီးပြည့်စုံလွန်းပါတယ်။ ပြီးတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ အကြီးမားဆုံး အသင်းတွေထဲက တစ်ခုပါ။ ချယ်လ်ဆီးနဲ့ လက်တွဲခွင့်ရတာ ဂုဏ်ယူပါတယ်"ဟု ပြောကြားသွားသည်။

‪#‎Schwarze‬, ‪#‎Chelsea‬, ‪#‎Fulham‬, ‪#‎Premier‬ ‪#‎League‬
‪#‎PlanetMyanmar‬

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map