Home »
သတင်း
» "အာဆင်နယ်က စိတ်ဝင်စားမှုအတွက် ဆွာရက်ဇ် ဂုဏ်ယူ"
"အာဆင်နယ်က စိတ်ဝင်စားမှုအတွက် ဆွာရက်ဇ် ဂုဏ်ယူ"

အာဆင်နယ် အသင်းက စိတ်ဝင်စားနေသည်ဆိုသော သတင်းအတွက် ဂုဏ်ယူမိကြောင်း
လီဗာပူးလ် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ပြောကြားလိုက်သည်။ ဥရုဂွေး
လက်ရွေးစင် ဆွာရက်ဇ်သည် ယခုနွေရာသီတွင် အန်းဖီးလ်မှ ထွက်ခွာဖြစ်မည်ဟု
သတင်းကြီးနေပြီး ၎င်းကိုယ်တိုင်က ချန်ပီယံလိဂ် ကစားခွင့်ရသည့်
အသင်းတစ်ခုခုတွင် ပါဝင်လိုကြောင်း ဝန်ခံထားသည်။
၎င်းကို အာဆင်နယ်က ပေါင်စတာလင် သန်း(၃၀)နှင့် ကမ်းလှမ်းရာ
လီဗာပူးလ်က ငြင်းဆိုထားကြောင်း သတင်းများ ထွက်ပေါ်နေပြီး ဆွာရက်ဇ်
ကိုယ်တိုင်ကမူ အနာဂတ်ကို တိတိကျကျ မပြောနိုင်သေးဟု ဝန်ခံခဲ့သည်။
အသက်(၂၆)နှစ်ရှိ ဆွာရက်ဇ်သည် ချယ်လ်ဆီး နောက်ခံလူ ဘရာနီဆလက်ဗ်
အိုင်ဗန်နိုဗစ်ကို ကိုက်မှုဖြင့် (၁၀)ပွဲပယ် ပြစ်ဒဏ်တစ်ရပ် ကျခံနေရသူလည်း
ဖြစ်သည်။
ဆွာရက်ဇ်က "ကျွန်တော့်ဆီကို ဘာကမ်းလှမ်းမှုမှ
ရှိမလာသေးပါဘူး။ လီဗာပူးလ်ကတော့ ကျွန်တော် ဘာကို လိုလားတယ်ဆိုတာ
သိပါလိမ့်မယ်။ ခုလောလောဆယ် ကိစ္စတိုင်းကို ကျွန်တော့်အေးဂျင့်က
တာဝန်ယူနေပါတယ်။ ကျွန်တော်ကတော့ အနားယူပြီး အေးအေးလူလူပါပဲ။ ဇူလိုင်လ
(၂၁)ရက်နေ့မှာ လီဗာပူးလ်နဲ့အတူ ရာသီကြို ခြေစမ်းပွဲ ကစားဖို့ ကျွန်တော်
စီစဉ်ထားပါတယ်။ ဒါပေမဲ့ ဖုန်းခေါ်မှုလေး တစ်ခုမှာတင် အရာရာ အပြောင်းအလဲ
ဖြစ်သွားနိုင်တယ် မဟုတ်လား"ဟု ပြောဆိုခဲ့သည်။
၎င်းက "အာဆင်နယ်လို
အသင်းက ကျွန်တော့်ကို တန်ဖိုးထား လိုလားနေတယ် ဆိုတာကို ကြားရတာ
ကျေနပ်စရာပါပဲ။ တချို့ သူငယ်ချင်းတွေက ကျွန်တော့်ကို ဖုန်းဆက်ပြီး
ချယ်လ်ဆီးကလည်း စိတ်ဝင်စားနေတယ်လို့ ပြောကြတယ်။ ဒါကိုတော့ ကျွန်တော်
ရယ်နေလိုက်ပါတယ်။ သတင်းတွေမှာ ဖတ်မိသမျှကို မယုံဖို့ လိုပါတယ်။ တစ်ခါတစ်လေ
ကျွန်တော်တောင် မသိတာတွေ သူတို့ ရေးတတ်ပါတယ်"ဟုလည်း ပြောကြားသွားသည်။
#Luis #Suarez, #Liverpool, #Arsenal, #Permier #League
#PlanetMyanmar
အေးချမ်းမွန်
0 comments:
Post a Comment