Home »
သတင်း
» ဖက်ယာ့ဟု ခေါ်သော အသီးအရွက်ပိုးမွှား ဦးနှောက်တွင်းဝင်ရောက် သေဆုံး
ဖက်ယာ့ဟု ခေါ်သော အသီးအရွက်ပိုးမွှား ဦးနှောက်တွင်းဝင်ရောက် သေဆုံး

မနေ့က တင်ပေးခဲ့တဲ့ ကျနော့်မိတ်ဆွေသမီးရဲ့ အသုဘကို မနေ့ညက
ထပ်မံရောက်ခဲ့ပါတယ်။ ကွယ်လွန်သူ ကလေးမလေးရဲ့ ဖခင်နဲ့ လိုက်ပါခဲ့ကြတဲ့
ဆွေမျိုးတွေနဲ့ပါ စကားပြောခဲ့ရပါသေးတယ်။
သူတို့ရဲ့ ပြောပြမှုလေးတွေကို
ထပ်မံသိခွင့် ရခဲ့ပါတယ်။ရောဂါ စတင် ဖြစ်စတုန်းက ဆေးရုံကြီးကို မရောက်ခဲ့ဘဲ
၊ ပြင်ပ ပုဂ္ဂလိက ဆေးခန်းကြီးတစ်ခုမှာ သာ ကုသခဲ့ကြောင်း သိရပါတယ်။
မသက်သာမှ ထိုင်း ဆေးရုံကို သွားရောက်ကုသခဲ့တာပါ။ စတင်ရောဂါခံစားရချိန်မှာ
တစ်လလောက်သာ ကြာပြီး၊အချိန်တိုတိုနဲ့ ကွယ်လွန်သွားခဲ့ကြောင်း
သိရှိရပါတယ်။ထိုင်း ဆေးရုံ မှ ဆေးကုသမှုမှတ်တမ်းများကို လည်း
ယူဆောင်မလာခဲ့ကြောင်း သိရပါတယ်။
မနေ့က တင်ပြမှုတွင်
ဆေးမှတ်တမ်းများ ပါလာသည်ဟု မှားယွင်းစွာ ဖေါ်ပြမိပါတယ်။သူတို့မှာ ရှိနေတာက
ကျိုင်းတုံတွင် ကုသသည့် ဆေးမှတ်တမ်းများသာ ဖြစ်ပါတယ်။
ကျနော့်ရဲ့ ပေါ့လျော့မှုနဲ့ မှားယွင်းမှုတွေ အတွက် အနယ်နယ်အရပ်ရပ်မှ စာဖတ်ရှုမိသူတွေကို အလေးအနက် တောင်းပန် အပ်ပါတယ်။
ဦးဏှောက်အတွင်း ဝင်သည့် ပိုးမွှားမှာ ထိုင်းလို ''ဖတ် ယာ့'' ဟု
ခေါ်ကြောင်း၊အသီးအရွက်ထဲမှ ပါသည့် ပိုးမွှားဖြစ်ကြောင်း ထပ်မံ သိရှိရပါတယ်။
ဦးဏှောက်အတွင်း စက်ဖြင့်ရိုက်စဉ် အဖြူအပျောက် အပျောက် များစွာ တွေ့
ရှိရပြီး၊နောက်ရက်များတွင် အမည်းများအဖြစ် တွေ့ ရကြောင်းသိရပါတယ်။
ဦးဏှောက်အတွင်း ဝင်သည့် ပိုးမှာ အဝိုင်းအကြီးကြီးတွေရော အသေးလေးတွေ ပါ
များစွာတွေ့ရကြောင်း သိရပါတယ်။ အနားပတ်ပတ်လည်တွင် အတွန့်လေးများပါသည်ကို
တီဗီ အကြီးကြီးဖြင့် လူနာရှင်များအား ပြသခဲ့ကြောင်း သိရပါတယ်။
ဥပမာအားဖြင့် ကန်စွန်းရိုးများတွင် အပေါက်ဖေါက်သည့် ပိုး ပုံစံသဘောမျိုးဟု
သိရပါတယ်။သံကောင် အနွယ်အမျိုးအစား ဖြစ်မည်ဟု ထင်ကြောင်း ကလေးမလေးနဲ့
လိုက်ပါသွားသူများမှ ပြောပြပါတယ်။ 30.7.2013
Thit Htoo Lwin blog..............မှ
0 comments:
Post a Comment