<div style='background-color: none transparent;'></div>

Home » » ATM စက်များကို ခိုးဖောက်နိုင်ကြောင်း ပြသခဲ့သူ ဟက်ကာ သေဆုံး

ATM စက်များကို ခိုးဖောက်နိုင်ကြောင်း ပြသခဲ့သူ ဟက်ကာ သေဆုံး



လာ့စ်ဗီးဂတ်စ်၊ ဇူလိုင် ၂၈

ATM စက်များကို မည်သို့ ခိုးဖောက်နိုင်ကြောင်း လက်တွေ့ ပြသနိုင်ခဲ့သည့် ဟက်ကာ တစ်ဦးဖြစ်သူ ဘာနာဘီဂျက်သည် ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့ က ကွယ်လွန်သွားကြောင်း Guardian သတင်းတွင် ရေးသား ဖော်ပြ ထားသည်။

ဆေးဝါး ဌာနများတွင် အသုံးပြုသည့် ပစ္စည်းများ၌ ထည့်သွင်းထားသည့် လုံခြုံရေးဆိုင်ရာ အချက်အလက်များကို မည်သို့ ဖောက်ဖျက်နိုင်ကြောင်း ဘာနာဘီက လက်တွေ့ ပြသခဲ့ပြီးနောက် နာမည်ကျော်သွားခဲ့ရသည်။

အသက် ၃၅ နှစ်အရွယ်ရှိ ဂျက်သည် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဆန်ဖရန်စစ္စကို ဆေးပညာဌာနက ထုတ်ပြန် ကြေညာခဲ့သော်လည်း မည်သည့် အတွက်ကြောင့် သေဆုံးသွားရကြောင်းကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ဂျက်က ဆီးချို ရောဂါရှင်များကို ပေးသွင်းရသည့် အင်ဆူလင် ဆေးများကို လူနာအား အချိန်ကိုက် ထိုးပေးနေရသည့် စက်များအား ပေ ၃၀၀ အကွာမှ နေ၍ ထိန်းချုပ် ပြလိုက်သဖြင့် ဆေးဝါး ကုမ္ပဏီ အချို့၏ လုံခြုံရေး အထူး ကောင်းမွန်ပါသည်ဆိုသော စက်များ သိက္ခာကျခဲ့ရသည်။

ဂျက်သည် လာ့စ်ဗီးဂတ်စ်တွင် သြဂုတ်လ ၁ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် ဟက်ကာများ၏ Black Hat ညီလာခံတွင် လူသား အစားထိုး စက်များကို လူသားဖြင့် ခိုးဖောက်ခြင်း ခေါင်းစဉ်ဖြင့် တက်ရောက် ဆွေးနွေးမည်ဟု သူ့မိတ်ဆွေ အပေါင်းအသင်းများက ဆိုသည်။ သူ့စာတမ်းတွင် ကျန်းမာရေး ဌာနအတွင်း အသုံးပြုနေသော လုံခြုံရေး ပစ္စည်းများ၏ မလုံခြုံမှုများကို တင်ပြသွားရန် ပြင်ဆင်ထားသည်။

ကွယ်လွန်ချိန်တွင် ဂျက်သည် IO-Active ကုမ္ပဏီတွင် လုံခြုံရေးဆိုင်ရာ ဒါရိုက်တာအဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။

Myawady News...မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map