<div style='background-color: none transparent;'></div>

Home » » အင်တာနက်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်ကြောင့် သန်လျင်နည်းပညာကျောင်းသူများ အထင်မြင်သေးခံနေရ ပာုဆို

အင်တာနက်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်ကြောင့် သန်လျင်နည်းပညာကျောင်းသူများ အထင်မြင်သေးခံနေရ ပာုဆို


ဗွီဒီယို ၀ဘ်ဆိုဒ်တစ်ခုဖြစ်သည့် Youtube မှတစ်ဆင့် ထွက်ပေါ်လာသော ဗွီဒီယိုဖိုင်တစ်ခုကြောင့် အဆိုပါကျောင်းမှ ကျောင်းသူများအား အထင်မြင်သေးမှုများနှင့် ကာယိနြေ္ဒပျက်စေမည့် အစအနောက်ခံရမှုများ ဖြစ်ပေါ်နေသည်ဟု နည်းပညာတက္ကသိုလ် သဟာယ (သန်လျင်) ၏ အတွင်းရေးမှူး ကိုကျော်ဇင် ထက်မှ မဇ္ဈိမမီဒီယာသို့ ပြောသည်။

နောက်ဆက်တွဲအနေဖြင့် ထွက်ပေါ်လာသည့် ပြည်တွင်းဂျာနယ် တစ်စောင်တွင် ပါဝင်သော သန်လျင် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ဆရာမကြီးနှင့် နုတ်ထွက်ရမည်ဟူသော သတင်း၊ နှစ်ဖက်မိဘနှင့် ကျောင်းသားအချို့အား အဆိုပါဗီဒီယိုဖိုင်အား ရုံးခန်းတွင် ပရိုဂျတ်တာဖြင့် ပြသသည်ဟူသောသတင်း၊ ဗီဒီယိုရိုက်ကူးမှုတွင် ကျောင်းဆရာပါဝင်သည်ဟူသော သတင်းနှင့် ဗီဒီယိုဖိုင်တွင် ပါဝင်သော ကျောင်းသူမှာ သတ်သေသွားသည်ဆိုသော သတင်းများမှာ ကောလာဟလသတင်းများသာဖြစ်သည်ဟု အတွင်းရေးမှူး ကိုကျော်ဇင်ထက်က ဆိုသည်။

လွန်ခဲ့သည့်လက သန်လျင်နည်းပညာတက္ကသိုလ်မှ စုံတွဲတစ်တွဲကို ခိုးဝှက်ရိုက်ယူးထားသည့် ဗွီဒီယို ဖိုင်တစ်ခုသည် လိင်မှုဆိုင်ရာ ၀ဘ်ဆိုက်များနှင့် လူမှုရေးစာမျက်နှာများပေါ်တွင် ပြစ်တင်ဝေဖန်ခံမှုများဖြင့် ပျံ့နှံ့ခဲ့သည်။

အဆိုပါ ဗွီဒီယိုတွင် ပါဝင်သည့် ကျောင်းသားနှင့် ကျောင်းသူကို ကျောင်းမှ အာဏာပိုင်များက နှုတ်ထွက်ခိုင်းခဲ့ခြင်း မဟုတ်ဘဲ ၎င်းတို့မိဘများ၏ သဘောအရသာ နှုတ်ထွက်သွားခြင်းဖြစ်ကြောင်းလည်း သန်လျင် နည်းပညာတက္ကသိုလ် သဟာယအသင်းက ဆိုသည်။

“အဓိက ကတော့အဲ့ဒီ ဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးတဲ့နောက်မှာ side effect (ဆိုးကျိုး)အနေနဲ့  ကျောင်းသူတွေကို ကာယိနြေ္ဒပျက်အောင် စနောက်ခံရမှုတွေ ရှိလာပါတယ်။ အဲဒီ ဗီဒီယိုဖိုင်ကို စတင်ရိုက်ကူးပြီး လွှင့်တင်တဲ့သူကိုလည်း ရှာဖွေဖော်ထုတ်နေပါတယ်”ဟု သဟာယအသင်းက ဆိုသည်။

အဆိုပါ ဗီဒီယိုဖိုင်သည် ကျောင်းသား ကျောင်းသူအချင်းချင်း ဖြန့်ရာမှစကာ အပြင်လူများထံသို့ ရောက်ရှိ ပျံ့နှံ့သွားခြင်းဖြစ်ပြီး အဆိုပါ ကျောင်းသားအား ရှာဖွေတွေ့ရှိခဲ့ပါက အပြစ်ပေးအရေးယူရာတွင် ကျောင်းတာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်အရသာ ဖြစ်သည်ဟု ဆက်လက်ပြောကြားသည်။

Mizzima
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map