<div style='background-color: none transparent;'></div>

Home » » ရန်ကုန်နည်းပညာတက္ကသိုလ် (သန်လျင်)ကျောင်းသူတို့အပေါ် သားသမီးချင်းစာနာသင့်

ရန်ကုန်နည်းပညာတက္ကသိုလ် (သန်လျင်)ကျောင်းသူတို့အပေါ် သားသမီးချင်းစာနာသင့်

ရန်ကုန်နည်းပညာတက္ကသိုလ် (သန်လျင်)ကျောင်းသူတို့အပေါ် သားသမီးချင်းစာနာသင့်

အင်တာနက် အွန်လိုင်းပေါ်တင်သူကို ရှာဖွေဖော်ထုတ်ပြီး ဥပဒေအရအရေးယူမည်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ နည်းပညာတက္ကသိုလ်ကျောင်း စာသင်ခန်းအတွင်း ဖြစ်ပွားခဲ့သည့် ကျောင်းသားနှင့် ကျောင်းသူတို့၏ လူမှုရေးအရှက်ရစေသည့် ဗီဒီယိုအခွေနှင့်ပတ်သက်၍

အင်တာနက်စာမျက်နှာများနှင့် မီဒီယာအချို့တွင် ပျံ့နှံ့စေခဲ့ခြင်း သည် ကျောင်း၏ ဂုဏ်သိက္ခာနှင့် ၎င်းကျောင်းတွင် ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ခံယူကြသော ကျောင်းသား၊ ကျောင်းသူများအား လုံး၏ကိုယ်စား မခံမရပ်နိုင်ကြသည့်

ကျောင်းသား၊ ကျောင်းသူတစ်ဖွဲ့က ဇူလိုင် ၂၈ ရက် နံနက် ၁ဝ နာရီတွင် အဆိုပါတက္ကသိုလ် ကျောင်းရှေ့ရှိ လက်ဖက်ရည်ဆိုင်တစ်ခုအတွင်း၌ မီဒီယာများနှင့် တွေ့ဆုံကာ ရင်ဖွင့် ရှင်းလင်းပြောကြားခဲ့ကြသည်။

အထင်အမြင်သေးခံရ-

အဆိုပါဗီဒီယိုသည် အမှန်တကယ် ဖြစ်ပွားခဲ့သည်ဆိုသော်လည်း ယခုအခါ ၎င်းကိစ္စကိုအကြောင်းပြု၍ အမျိုးမျိုးပြစ်တင် ဝေဖန်ကဲ့ ရဲ့မှုများပြုလုပ်လျက်ရှိပြီး ကျောင်းတွင် ပညာ သင်ကြားနေသော ကျောင်း သား၊ ကျောင်းသူများကိုပါ အထင်အမြင်သေးစွာ သား သမီးချင်းမစာမနာ ဆက်ဆံလာကြသည်။

အထူးသဖြင့် ကျောင်းသူများမှာ ပို၍ခံစားရသည်ဟု ၎င်းတို့က ပြောပြကြ သည်။

တရားဥပဒေအရ-

နှမချင်းမစာနာသော ယင်းဗီဒီယိုကို ခိုးကြောင်ခိုးဝှက်ရိုက်ကူးကာ အင်တာနက်ပေါ်တင်ခဲ့သူကိုလည်း မိမိတို့အစီအစဉ်ဖြင့် စုံစမ်းရှာဖွေ၍ တရားဥပဒေအရ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းတက္ကသိုလ်မှ ကျောင်းသားကျော်ဇင်ထက်က ပြောသည်။

စည်းကမ်းပိုင်း-

ထို့ပြင် ကျောင်းသား၊ ကျောင်း သူများ၏ စည်းကမ်းပိုင်းဆိုင်ရာများကိုလည်း ပိုမိုတင်းကျပ်ဆောင်ရွက်ရန် ၎င်းတို့ကလုပ်ဆောင်ကြမည်ဟု ဆိုသည်။

ပုံနှိပ်မီဒီယာပေါ်ရောက်လို့-

အဆိုပါဗီဒီယိုသည် အွန်လိုင်း စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ယခုပုံနှိပ်မီဒီယာ အချို့၌ပင် တွေ့ရှိ လာရသည့်အတွက် ၎င်းတက္ကသိုလ်၌ ပညာသင်ကြားနေကြ သော ကျောင်းသားများအထူးသဖြင့် ကျောင်းသူများအတွက် အလွန်ထိခိုက်ပြီး ဂုဏ်သိက္ခာကျဆင်းစေသည်ဟု ကျောင်းသူ မသန္တာကပြောသည်။

၎င်းကိစ္စကို အပတ်စဉ်ထုတ်သတင်းဂျာနယ်တစ်စောင်က မျက်နှာဖုံးတွင် အကျယ်တဝင့် ဖော်ပြ ထားခြင်းကြောင့် ယခုကဲ့သို့ မီဒီယာများ အား တွေ့ဆုံပြောကြားခြင်းဖြစ်ပြီး ဖော်ပြခဲ့သည့် ဂျာနယ်တိုက်သို့ လည်း ဆက်သွယ်အကြောင်းကြားထားသည်ဟု ၎င်းတို့ကပြောသည်။

ခိုးရိုက်-

ကျောင်းခန်းအတွင်း လူမှုရေး ကိစ္စကျူးလွန်နေသော ကျောင်း သားနှင့်ကျောင်းသူကို တစ်စုံတစ် ယောက်က မိုဘိုင်းဖုန်းကင်မရာဖြင့် ခိုးရိုက်ကူးကာ အင်တာနက် စာ မျက်နှာများထက်သို့လွှင့်တင်ခဲ့သည်။ ယခုအထက်ပါ ကျောင်းသားနှင့် ကျောင်းသူကိုလည်း ၎င်းတက္ကသိုလ် မှထုတ်ပယ်ခဲ့ပြီးဖြစ်သည် ဆိုသည်။


 အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map