မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်မှ ပဓာနနာယက ဘဒ္ဒန္တ သီလ၀ံသ
အမည်ရသော ဆရာတော်ကြီး ဖြစ်ပါသည်။ မြစ်ကြီးနားမြို့၊
ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်မှ ပဓာနနာယက ဘဒ္ဒန္တ သီလ၀ံသ အမည်ရသော
ဆရာတော်ကြီး ဖြစ်ပါသည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်မော် ဧရာဝတီမြစ်ဘေး
ဆင်ဘိုဇာတိဖြစ်ပါသည်။ တိုင်းလိုင်(ရှမ်းနီ)လူမျိုးဖြစ်ကာ ကချင်ပြည်နယ်တွင်
သြဇာတိက္ကမ အကြီးမားဆုံး ဆရာတော်ကြီး လည်း ဖြစ်ပါသည်။
ယခုအချိန်အမှာ ဆရာတော်ကြီးသည် သက်တော် (၈၈)နှစ် ပြည့်ဖို့ လ အနည်းငယ်သာ လိုပါတော့သည်။
ဆရာတော်ကြီး သက်တော် (၇၀) ခန့်လောက်က ၁၉၉၄-ခုနှစ်များအတွင်း ပူတာအိုမှ မိုင်ပေါင်း (၁၇၀)လောက် ဝေးလံသော တိဗက်လူမျိုးများ ရှိရာ တဟွန်းဒမ်း ဒေသသို့ တတောင်ဆင်း၊ တစ်တောင်တက်၊ တစ်တောထွက်၍ တတောင် ကိုကျော်ကာ အသက်အရွယ်နှင့် မလိုက်အောင် သာသနာပြုလုပ်ငန်းများ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော ပုံဖြစ်ပါသည်။ ဆရာတော်ကြီးသည် သက်တော်ကြီးရင့်တော်မူသည့် ယခုအချိန်ထိ အနားယူတော်မူခြင်း မရှိသေးဘဲ ဘာသာ၊ သာသနာအတွက် အားကြိုးမာန်တက် စွမ်းဆောင်တော်မူဆဲလည်း ဖြစ်ပါသည်။
ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်တော်မူရာ၌ ဇွဲသတ္တိ၊လုံးလ၊ ၀ီရိယ ကြီးမားတော်မူပုံကို ကြည်ညိုသဒ္ဓါ ပွားနိုင်ရန် မျှဝေပေးလိုက်ရခြင်း ဖြစ်ပါသည်။
ဧရာဝတီမြစ်ဖျားဆီက
ZinYaw

0 comments:
Post a Comment