Created on Tuesday, 30 July 2013 00:13
မိုးရက်ဆက် ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်ကာ သုံးနှစ်အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး လူသောင်းနှင့်ချီ၍ ရေဘေးသင့်နေကြောင်း သိရသည်။
ဇူလိုင် ၂၈ ရက် ညမှစ၍ မြ၀တီမြို့ရှိ ရပ်ကွက်အားလုံး၏ အနိမ့်ပိုင်း နေရာများ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။ မြ၀တီမြို့တွင်း ရပ်ကွက်တချို့ သုံးနှစ်ဆက်တိုက် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ရာ ယခုနှစ်သည် သောင်ရင်းမြစ် ရေတက်မှု အမြင့်ဆုံး ဖြစ်ကြောင်း၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ အထက်တန်း ကျောင်းကြီးနှင့် အမှတ်(၂) ရပ်ကွက်ရှိ အ-ထ-က(၂) အပါအ၀င် အခြားစာသင်ကျောင်းများပါ ရေလွှမ်းမိုးပြီး ကျောင်းများ ပိတ်ထားရကြောင်း သိရသည်။
မြ၀တီမြို့တွင်း ရပ်ကွက်တချို့ သုံးနှစ်ဆက်တိုက် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ရာ ယခုနှစ်သည် သောင်ရင်းမြစ် ရေတက်မှု အမြင့်ဆုံး ဖြစ်ကြောင်း၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ အထက်တန်း ကျောင်းကြီးနှင့် အမှတ်(၂) ရပ်ကွက်ရှိ အ-ထ-က(၂) အပါအ၀င် အခြားစာသင်ကျောင်းများပါ...
ဇူလိုင် ၂၉ ရက်နံနက်တွင် သောင်ရင်းမြစ်ရေ ပိုမိုမြင့်တက်လာကာ ချစ်ကြည်ရေး တံတားထိပ်နှင့် ဘုရင့်နောင် လမ်းမကြီးအထိ ရေနစ်မြုပ်ပြီး နေထိုင်သွားလာရန် ခက်ခဲနေကြောင်း သိရသည်။ မြ၀တီမြို့တွင် ရပ်ကွက်ငါးခုရှိရာ ယခင်နှစ်က ရပ်ကွက်(၄)ရှိ နေအိမ်များ ရေနစ်မြုပ်ခြင်း မရှိခဲ့သော်လည်း ယခုနှစ်တွင် ဘုရင့်နောင် လမ်းမဘေးရှိ နေအိမ်များ၊ ဈေးဆိုင်များ နစ်မြုပ်နေကြောင်း သိရသည်။
''ဇူလိုင် ၂၈ ရက် ညကတည်းက ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေကြတာပါ။ အရင်နှစ်က ကယ်ဆယ်ရေး စခန်းဖွင့်ခဲ့တဲ့ နေရာတွေ ရေနစ်နေတယ်။ ဒါကြောင့် ကယ်ဆယ်ရေး စခန်းကို ကြခတ္တောကျောင်းမှာ နေရာချထားရတယ်။ သံတံတားလမ်းမှာ ရေများနေတဲ့အတွက် အရင်နှစ်က ကယ်ဆယ်ရေးစခန်း ဖွင့်ခဲ့တဲ့ ဖားခြောက်ကောင် ကျောင်းကိုလည်း သွားလို့ မရတော့ပါဘူး'' ဟု ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်သည့် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြ၀တီမြို့ ရေလွှမ်းမိုးမှုကြောင့် အချို့အိမ်များ ခေါင်မိုးထိ မြုပ်သွားခဲ့ပြီး နေအိမ် ထောင်ပေါင်းများစွာရှိ လူပေါင်းသောင်းချီ ရေဘေးသင့်လျက်ရှိရာ မြ၀တီခရိုင်၊ မြို့နယ်၊ ရပ်ကွက် တာဝန်ရှိသူများနှင့် လူမှုရေးအသင်း အဖွဲ့များက ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်းသိရသည်။ မိုးဆက်တိုက် ရွာသွန်းနေမှုကြောင့် သောင်ရင်းမြစ်ရေ လျော့ကျသွားခြင်း မရှိဘဲ ဆက်လက် မြင့်တက်လာဖွယ် ရှိသည်ဟု မြို့ခံများက ပြောကြားကြသည်။
မြ၀တီမြို့ အတွင်း ရေကြီးရေလျံမှု ဖြစ်ပေါ်နေစဉ်
်
အေးချမ်းမွန်....................မှ
0 comments:
Post a Comment