29/7/2013
အသက် ၁၄ နှစ်အရွယ်ကလေးတစ်ဦးကို လူသတ်သည်ဟု စွပ်စွဲကာသုဝဏ္ဏနယ်မြေ ရဲစခန်း၌ ဇူလိုင် ၂၇ ရက်တွင် တိုင်တန်းထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယင်းအမှုတွင် သေဆုံးသူမှာ အသက် ၄၁ နှစ်အရွယ် ကိုကြည်လှိုင်ဆိုသူဖြစ်ပြီး သင်္ကန်းကျွန်းမြို့နယ်တွင် နေထိုင်သူ
ဖြစ်ကြောင်း၊ သူသည် ပန်းရံလုပ်သားတစ်ဦးဖြစ်သဖြင့် တိုက်ဆောက်နေစဉ် ဓားဖြင့် အထိုးခံရ ခြင်းဖြစ်ကြောင်း ရဲဌာနကအတည်ပြုထားသည်။
ထိုကိစ္စကို သေသူ၏ အမဖြစ်သည့် ဒေါ်ခင်ရွှေဆိုသူက ရဲကိုမတိုင်မီသူ့ဖာသာ လိုက်လံစုံစမ်းရာ သူ့မောင်သည် တပည့်ဖြစ်သည့် ပန်ရံလုပ်သား ကလေးငယ်နှင့် စကားများပြီး အဆိုပါကလေးငယ်က အရိုးအသွား ကိုးလက်မရှိသော ဓားဖြင့်ထိုးခဲ့ကြောင်း အလုပ်အတူတူလုပ်သည့် ပန်းရံလုပ်သားမျက်မြင် သက်သေများက ပြောကြသည်ဟု ရဲများကို
ထွက်ဆိုထားသည်။
လူသတ်သည်ဟု စွပ်စွဲခံရသည့် ကလေးငယ်မှာ တောင်ဒဂုံမြို့နယ်၊ ၁၀၅ ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး သူနှင့် သူ့ဆရာဖြစ်သူတို့သည် ခြင်ထောင်ထောင်စဉ် စကားများကြခြင်းဖြစ်ကာ ခြင်ထောင်ကြိုးဖြတ်သည့် ဓားဖြင့်ထိုးလိုက်ခြင်းဖြစ်သည်ဟ
ထိုအမှုကို သေဆုံးသူ၏ အမဖြစ်သူ ဒေါ်ခင်ရွှေက တရားလိုပြုလုပ်တိုင်တန်းသဖြင့် သုဝဏ္ဏနယ်မြေ ရဲစခန်း အမှုအမှတ်(ပ) ၂၃၃/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုမည်ဟု ရဲဌာနက သတင်းထုတ်ပြန်သည်။
Mizzima - News in Burmese
ပုဂံအွန်လိုင်းမီဒီယာ.......မှ

0 comments:
Post a Comment