<div style='background-color: none transparent;'></div>

Home » » ဆိုင်ကယ်တိုက်၍ သက်တော် ၇၂ နှစ်ရှိ ဘုန်းတော်ကြီး ပျံလွန်

ဆိုင်ကယ်တိုက်၍ သက်တော် ၇၂ နှစ်ရှိ ဘုန်းတော်ကြီး ပျံလွန်


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၅ နာရီခန့်က အရုဏ်ဆွမ်းခံ ပြန်လာသော သက်တော် ၇၂ ၀ါတော် ၃၅ ဝါရှိ ဘုန်းတော်ကြီး တစ်ပါးကို ဆိုင်ကယ် တိုက်မိသဖြင့် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသသော်လည်း နံနက် ၉ နာရီ ၃၀ မိနစ်ခန့် တွင် ပျံလွန်တော်မူသွားခဲ့ကြောင်း ပြည်မြို့ အမှတ် (၂) မြို့မ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ဘုန်းတော်ကြီးမှာ ရွာဘဲ တောင်ပေါ် ကျောင်းတိုက်မှ သံဃာတော် ဦးဇောတိကဖြစ်ပြီး အရုဏ်ဆွမ်းခံပြီး အပြန် မြို့နယ်ပညာရေးမှူးရုံးရှေ့ အရောက်တွင် ဆိုင်ကယ် တိုက်ခံရသည်ဟု ကျောင်းသို့ လာအကြောင်းကြား သဖြင့် ဆေးရုံကြီးသို့ လိုက်သွားခဲ့ခြင်းဖြစ်ကြောင်း ရွာဘဲ တောင်ပေါ် ကျောင်းတိုက်မှ ဦးပဉ္စင်း တစ်ပါးက မိန့်သည်။

“ဦးဇောတိကကို ဓာတ်မှန်ရိုက်၊ ပေါက်ပြဲ ဒဏ်ရာတွေကို ချုပ်ပြီးတဲ့နောက် သင်္ကန်း လဲပေးနေတုန်းမှာ ပျံလွန်တော် မူသွားတာပါ” ဟု ၎င်းက မိန့်ဆိုသည်။

အဆိုပါ သံဃာတော်သည် ဆိုင်ကယ်တိုက်ခံရ၍ အခြား ဒဏ်ရာများ ရရှိသော်လည်း ဦးခေါင်းခွံ ကွဲပြီး ဦးနှောက်ထဲသို့ သွေးယိုစိမ့်မှုကြောင့် သေ ဆုံးရခြင်းဖြစ်ကြောင်း အလောင်း စစ်ဆေးသည့် ဆရာဝန် တစ်ဦးက အတည်ပြု ပြောကြားသည်။

“ဆိုင်ကယ်နဲ့ တိုက်ပြီး ထွက်ပြေးတဲ့ တရားခံကို ယာဉ်ထိန်းရဲ အဖွဲ့နဲ့ လိုက် စုံစမ်းနေပါတယ်” ဟု အမှတ် (၂) ရဲစခန်း အမှုစစ် ဒုရဲအုပ် ဟန်ဇော်ထွန်းက ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပ-၂၄/၂၀၁၃ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၃၈) ဖြင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့က အမှုဖွင့်ထားသော်လည်း ဆိုင်ကယ်တိုက်ခံရသူ သံဃာမှာ ပျံလွန်တော်မူသွားသည့်အတွက် ပုဒ်မ (၃၀၄) (က) သို့ ပြောင်းလဲ အမှုဖွင့်ခဲ့ကြောင်း အမှတ်(၂) မြို့မ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map