<div style='background-color: none transparent;'></div>

Home » » "ရုပ်ရှင် လောကသား ရဲတိုက်ကို ဥပဒေ ဘောင် အတွင်း က ကူညီ ပေးသွား မည် ဖြစ်ကြောင်း ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ လူမင်းပြောကြား"

"ရုပ်ရှင် လောကသား ရဲတိုက်ကို ဥပဒေ ဘောင် အတွင်း က ကူညီ ပေးသွား မည် ဖြစ်ကြောင်း ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ လူမင်းပြောကြား"



ပဲခူး ခရိုင် ၊ကျောက်တံခါး မြို့ စာတိုက် ရပ်ကွက် ၊ဒဂုံ-မန်း ကားလမ်းမပေါ်ရှိ လပ်ခ်ျမီး လက်ဖက်ရည်ဆိုင်၌ ဇူလိုင် ၄ရက်၊ နံနက် ၃နာရီ ခန့်တွင် သရုပ်ဆောင် ရဲတိုက် ကို ဆေးခြောက် ဟု ယူဆရသော အရွက်ခြောက် များနဲ့အတူ ဖမ်းဆီးရ မိခဲ့ကြောင်း သိရှိရသည်။ ပဲခူးတိုင်း ကျောက်တံခါး မြို့နယ်တွင် ဆေးခြောက် များနှင့် အတူ ဖမ်းဆီး ရမိခဲ့ပုံနှင့် ပတ်သက် ပြီး ကျောက်တံခါး ရဲစခန်းသို့ ဇူလိုင် ၅ ရက်နေ့က ပေါ်ပြူလာ ဂျာနယ်မှ ဆက်သွယ်မေးမြန်းရာ အဆိုပါစခန်းမှ တာဝန်ကျ ရဲအရာရှိ တာဝန်မှူး တစ်ဦးက ၄င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး "၄ရက်နေ့၊ မနက်၃နာရီ အချိန်လောက် က တာဝန်ကျ အဖွဲ့တွေ ကင်းလှည့်နေတုန်း သတင်း ရတော့ သွားပြီးတော့ ဖမ်းဆီးတယ်။ သွားပြီး ဖမ်းတုန်းကတော့ ဘယ်သူ ဘယ်ဝါရယ်လို့ မသိဘူး။ သူ့ကို ရှာဖွေကြတယ်။ ရှာဖွေ ပြီးတော့မှ သူ့ကို ရဲတိုက်မှန်း သိကြတာ။ အခုတော့ အရေးယူ ထားပါတယ်။ မူးယစ်ဆေး ဝါးနှင့် စိတ်ကို ပြောင်းလဲစေတဲ့ အက် ဥပဒေ ပုဒ်မ (၁၅/၁၆(ဂ))နဲ့ အရေးယူ ထားပါတယ်။ အခုလက်ရှိ အချိန် မှာတော့ ကျောက် တံခါး ဆေးရုံမှာ တင်ထားပါတယ်။ သူ့ကို ညနေပိုင်းလောက်က စပြီးတော့ ကျောက် တံခါး ဆေးရုံ ကို ပို့ထားပါတယ်" လို့ ၄င်းကပြောပြသည်။

ရုပ်ရှင် လောကသား တစ်ဦး ဖြစ်သည့် သရုပ်ဆောင် ရဲတိုက် ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေဖြင့် မည်သို့ ဆောင် ရွက် ပေးသွားမည် ဆိုသည်ကို ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းထံ ဆက်သွယ် မေးမြန်းရာ "ပထမစိန့်မေရီ ကာသီဒြယ် ခရစ်ယာန်ကျောင်း မှာဖြစ်တဲ့ ပြဿနာတုန်းက အစည်းအရုံး က အဖွဲ့ဝင်တွေ သိသိချင်း သွားရောက် ဖြေရှင်းပေး ခဲ့ပါတယ်။ အခုကိစ္စကိုလည်း အစည်းအရုံး အနေနဲ့ ဥပဒေဘောင် အတွင်းက ကူညီလို့ရတာ ကူညီသွားမှာပါ။ တရား ဥပဒေ အထက်မှာ အစည်း အရုံးလည်း မရှိပါဘူး"ဟု ပြောပြခဲ့သည်။

သရုပ်ဆောင် ရဲတိုက်သည် ၂ဝ၁၃ခုနှစ် မေလ(၂၈) ရက်နေ့က ဗိုလ်တစ်ထောင် မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန်ကျောင်း အတွင်း တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ခြင်း အတွက် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅/(က)ဖြင့် ဗိုလ်တထောင် တရားရုံးတွင် တရားစွဲ ဆိုခံရပြီး ယင်း အမှုအတွက် ပထမ ရုံးချိန်းကို ဇွန်၁ဝရက်၊ ဒုတိယ ရုံးချိန်းကို ဇွန်၂၁ ရက်နှင့် တတိယ ရုံးချိန်းကို ဇူလိုင် ၁ရက်နေ့ အထိ အမှု ရင်ဆိုင်နေရပြီး စတုတ္ထမြောက် ရုံးချိန်း ကို ဇူလိုင်(၁၁) ရက်နေ့၌ အမှု ရင်ဆိုင်ရမှာဖြစ်ကြောင်း သိရသည်။
Popular myanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map