<div style='background-color: none transparent;'></div>

Home » » ဆေးရုံထဲ အရက်ပုလင်းနဲ့ ဆိုင်ကယ်မောင်းဝင်လာတဲ့ ဆရာဝန်

ဆေးရုံထဲ အရက်ပုလင်းနဲ့ ဆိုင်ကယ်မောင်းဝင်လာတဲ့ ဆရာဝန်



၂၁-၇-၂၀၁၃ ည (၁၀)နာရီအချိန် မန္တလေးတိုင်း ကျောက်ဆည်မြို့ အထူးကု ဆေးရုံကြီးသို့ အရေးပေါ် လူနာလိုက်ပို့စဉ် အရေးပေါ်ဌာန အဆောင်ထဲသို့ အရက်မူးနေသော တာဝန်ကျ ဆရာဝန် ဒေါက် တာဇော်သူအောင်မှ ဆိုင်ကယ် အရမ်းမောင်း ၀င်လာရာ ဆိုင်ကယ်ဖြင့် လူတစ်ဦး ချိတ်မိပြီး စကားများရာ မတောင်းပန်သည့်အပြင် မချေမငံ ပြန်ဆက်ဆံ နေသည်ကို တွေ့ရပါသည်။

၎င်းဖြစ်စဉ်ကို ဖုန်းဖြင့် ဓါတ်ပုံရိုက်သူ တစ်ဦးကိုလည်း တာဝန်ကျ ဆရာဝန်တစ်ဦးမှ “ဒီမှာဓါတ်ပုံရိုက်လို့ မရဘူး ရိုက်ခွင့်မရှိဘူး အရေးယူလို့ရတယ်”ဟု ပြောနေသည်ကို တွေ့ခဲ့ရပါသည်။

ကျောက်ဆည် အထူးဆေးရုံကြီးတွင် ဆရာဝန်များ အတွက် ယာဉ်ရပ်နားရန်နေရာ သီးသန့်ရှိသော်လည်း ဆရာဝန်များ ကိုယ်တိုင် စည်းကမ်းမဲ့စွာဖြင့် အရေးပေါ် အဆောင်ထဲသို့ ဆိုင်ကယ်များ စီးနင်းဝင်ရောက် ထားနေသည်ကို တွေ့နေရပါသည်။

ထို့နောက် ဆေးရုံအုပ်ကြီးဆိုသူ အထူးကုဆရာဝန်ကြီး ဒေါက်တာဌေးအောင် ရောက်ရှိလာပြီး ဂျူတီချိန် အရက်မူးနေသောသူ့ တပည့်များကို မဆုံးမသည့် အပြင် “ပညာတက် ဆရာဝန်တွေ အရက်သားတွေ တောင်းပန် စရာမလိုဘူး”ဟု ရင့်သီးစွာဝင်ရောက် ပြောဆိုနေပါသည်။

ဒေါက်တာဌေးအောင်ဆိုသူမှာ ကျောက်ဆည်မြို့တွင် ယခင်ဝန်ကြီးဟောင်း ဦးသောင်း ၏ စောကင့် ရှောက်မှုဖြင့် ကျောက်ဆည်ဆေးရုံတွင် ကျောက်ချနေသည်မှာ (၁၅)နှစ်ကျော်ပင် ရှိပြီဖြစ်ပြီး ပြောင်းရွှေ့ခြင်းလုံးဝမရှိပါ။

ထို့ပြင်လူနာများကို ဆဲဆိုကြိမ်းမောင်းရာတွင် အလွန်နာမည်ကျော်သူ ဖြစ်ပါသည်။ တိုင်ကြားမှုများမကြာခဏရှိသော် ဦးသောင်း၏ ကောင်းမှုကြောင့် နေရာပင်မရွေ့သည့်အပြင် တစ်နေ့တစ်ခြား ပိုမိုထောင်လွှာနေသည်မှာ မြို့သူမြို့သားများ အားလုံးအသိဖြစ်ပါသည်။

ယခုကဲ့သို့ မောက်မာရိုင်းစိုင်းပြီး ဂျူတီချိန် မူးရစ်နေသော ဆရာဝန်များလက်တွင် လူနာများအတွက် ရင်လေးစာရာ အလွန်ကောင်းနေကြောင်း တင်ပြလိုက်ပါသည်။

  Myanmar News Now
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map