<div style='background-color: none transparent;'></div>

Home » » ၁၁ နဲ့ ၃၉

၁၁ နဲ့ ၃၉



Wednesday, July 24, 2013

ဗိုလ်ကြီးဟောင်း နေမျိုးဇင်က သူ လေးစားကြည်ညိုမိတဲ့ တပ်မတော်သားဟောင်ကြီး တဦးဖြစ်သူ ဗိုလ်ချုပ် လွန်းမောင် ( ငြိမ်း ) ကို သွားရောက် နှုတ်ဆက်စကားပြောစဉ် ရိုက်ကူးထားတဲ့ ဓာတ်ပုံလို့ သိရပါတယ်။

လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေသူ နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်တဲ့ ဦးနေမျိုးဇင်က အဲဒီဓာတ်ပုံ ကို သူ့ဖေ့စ်ဘုတ်မှာ တင်ထားပြီး မှတ်ချက်လေးတခုကိုလည်း အခုလို ရေးထားပါတယ်။

“၁၁ ၏ အစဉ်အလာကောင်းများအား ၃၉ မှ ဆက်လက် ထိမ်းသိမ်းနိုင်ရန် ကြိုးစားမည်ဖြစ်ပါသည်” တဲ့။

၁၁ နဲ့ ၃၉ ဆိုတာ စစ်တက္ကသိုလ် အပတ်စဉ်တွေကို ဆိုလိုတာဖြစ်ပြီး အခုလို ပြည်သူချစ်ခင်လေးစားတဲ့ စစ်တက္ကသိုလ် ကျောင်းဆင်းတွေ ရှိနေတယ်ဆိုတာ ဖော်ပြလိုက်တာလည်းဖြစ်ပါတယ်

ဗိုလ်ချုပ်ဟောင်း လွန်းမောင်နဲ့ပတ်သက်ပြီး ဧရာဝတီက တွေ့ဆုံမေးမြန်းခန်းတခုကိုလည်း လွန်ခဲ့တဲ့ လ အနည်းငယ်က ပြုလုပ်ပြီး ဧရာဝတီ မြန်မာပိုင်းစာမျက်နှာမှာ နောက်ကျော ဓားနဲ့ အထိုးခံခဲ့ရတာ (http://burma.irrawaddy.org/archives/40167) ဆိုတဲ့ ဧရာဝတီ သတင်းထောက် မေခ ရဲ့ အင်တာဗျူး ကဏ္ဍမှာ ဖော်ပြခဲ့ပါသေးတယ်။

တချိန်က စာရင်းစစ်ချုပ်၊ ဗိုလ်ချုပ်လွန်းမောင်ဟာ တာဝန်က အနားယူလိုက်ပြီးနောက်ပိုင်း ဇနီးသည်ရဲ့ ထမင်းဆိုင်မှာပဲ အတူတကွ ဘ၀ကို ဖြတ်သန်းနေသူတဦးလည်းဖြစ်ပါတယ်။


အိမ့်သံစဉ် ~


ဗိုလ်ချုပ်ဟောင်းလွန်းမောင်နှင့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ဓာတ်ပုံ- နေမျိုးဇင်

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map