Home »
သတင်း
» " ကိုယ်ပိုင်စတိုင် ကိုယ်ပိုင်ဟန် နဲ့ အမျိုးသမီးရော့ခ်ကာ သျှီ" ==================================
" ကိုယ်ပိုင်စတိုင် ကိုယ်ပိုင်ဟန် နဲ့ အမျိုးသမီးရော့ခ်ကာ သျှီ" ==================================

မြန်မာပြည်ဂီတလောကမှာ အမျိုးသမီးရော့ခ်ကာဆိုတာ လက်ချိုးရေ လို့ ရပါတယ်။
အဲ့ဒီထဲမှာ ၉၇ခုနှစ်မှာ ဂန္ဒာရီဆိုတဲ့ စီးရီးနဲ့ဂီတလောကထဲ ဝင်ရောက်လာသူ
အမျိုးသမီးတေး သံရှင် သျှီတစ်ယောက် အပါအဝင် ဖြစ်ပါတယ်။ ဆံပင်ကို
လေမှာပျံဝဲ၊ မာန်ပါပါအသံ၊ တီရှပ်နဲ့ဂျင်းဘောင်း ဘီ၊ ကန်းထရီးဖိနပ်တို့က
သျှီရဲ့ရှိုး အမှတ်အသားတစ်ခုလိုဖြစ်လို့နေပါ တယ်။ နှစ်တွေဘယ်လိုပဲပြောင်းပြာင်း ရော့ခ်ကာအမျိုးသမီး တေးသံရှင်တစ် ဦးရဲ့ဟန်မာန်အပြည့်နဲ့သျှီဆိုတဲ့ ကိုယ်ပိုင်ဟန်ကို ရယူနိုင်ခဲ့သူ သျှီက သူ့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး..
" သျှီကမှုံစံမပြောင်းတာက ခေတ်မမီတာလို့လည်း ပြောလို့ရပါတယ် (ရယ်လျက်)။ အမှန်အတိုင်းပြောရရင် လွတ်လွတ်လပ်လပ်ကြိုက်တာလည်းပါတယ်။
ပြီးတော့ကိုယ်ပိုင် ဟန်ရှိချင် တာလည်းပါတယ်။ ခေတ်နဲ့လျော်ညီ တာဝတ်တာ
ကောင်းသလို၊ ကိုယ့် စတိုင်နဲ့ကိုယ်လည်း ကောင်းတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်
ခန္ဓာကိုယ်ဖွဲ့အစည်းပုံက တူတာ မဟုတ်ဘူး။မတူတဲ့ ဖွဲ့စည်းပုံမှာ ကိုယ် နဲ့
လိုက်ဖက်တဲ့ပုံစံကို ဝတ်ရတာကိုယ့် ရဲ့ဖက်ရှင်လို့ပဲမြင်တယ်။သျှီက
ရော့ခ် တွေဆိုတာလည်းဖြစ်တော့ အင်တိုက် အားတိုက်နဲ့ ဆိုရတာဖြစ်တဲ့အတွက်
တအားနုနုရွရွလုပ်နေလို့ လည်းမရ ဘူးလေ။ ကိုယ်နဲ့ အလိုက်အဖက် ဆုံးဟာကို
ရွေးချယ်လိုက်တာလည်း ပါပါတယ်။ သျှီရဲ့ ဒီကိုယ်ပိုင် ပုံစံ ကို အသိအမှတ်
ပြုတဲ့ အတွက် လည်း ဝမ်းသာပါတယ်" လို့ သျှီကသူ့ရဲ့ ရော့ခ်စတိုင်နဲ့
ပတ်သက်ပြီး ပြောပါတယ်။ ရော့ခ်ဆန်တဲ့ ဝတ်စုံတွေ ဝတ်ဖြစ်သ လို၊ မြန်မာ ဆန်ဆန်
အဝတ်အစားများ ကိုလည်း ကာလ ဒေသအလိုက် ဝတ် ဆင်တတ်သူ သျှီရဲ့မြန်မာအင်္ကျီ
ပုံစံများကလည်း သူ့ရဲ့ကိုယ်ပိုင်ဟန်တစ်ခုကို ဖော်ညွှန်း ပြနေပါတယ်။ အဲ့ဒီ အကြောင်းကိုလည်း သျှီက
" မြန်မာဝတ်စုံကို တအားထွင်ရင်းနဲ့ ပြူးတူးပြဲတဲဖြစ်သွားတာလည်း မကြိုက်ဘူး။ မြန်မာဝတ်စုံမှာကိုက မြန်မာ့ယဉ်ကျေးမှုကပါပြီးသား။ ဝတ်လိုက်ရင်ကို သိမ်မွေ့စေတယ်။ ယဉ် ကျေးစေတယ်။ ကိုယ်က ဒီအဝတ်အစားဝတ်ထားတဲ့အချိန်မှာ
ဒီအပေါ်ကို တန်ဖိုးထားပြီး ဒီဟာနဲ့ တစ်သားတည်းဖြစ်တဲ့ သိမ်မွေ့ခြင်း၊
ယဉ်ကျေးခြင်းတွေပါ ခံစားရတယ်။ သက်သောင့်သက်သာလည်းရှိတယ်။
ဣနြေ္ဒလည်းရှိတယ်။ဖက်ရှင်က လူတစ် ယောက်ရဲ့ စိတ်ကို ပြောင်းလဲစေပါ
တယ်။အဝတ်အစားနဲ့လူကိုတွဲပြီး မှတ် တာမျိုးတွေရှိတယ်။ သျှီတို့ဆိုလည်း လန်းလန်းဆန်းဆန်းပေါ့ပေါ့ပါးပါးနေ
တတ်တယ်ဆိုပေမယ့် မြန်မာဝတ်စုံ လေးဝတ်သွားရင် လူကို နူးညံ့သွားစေတယ်" လို့
ပြောတဲ့သျှီကအနုပညာရှင် တွေအနေနဲ့ကတော့ဖက်ရှင်က အရေးပါတယ်လို့လည်း
ပြောပါတယ်။
" ဖက်ရှင်က အရေးပါတယ်ဆိုပေမယ့် တအားကြီး over
ဖြစ်သွားရင်တော့ မကောင်းဘူးပေါ့။ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုပေါ်မှာ
မူတည်ပြီးတော့ ဝတ်စားဆင်ယင်မှု တော့ ရှိရမှာပေါ့။ အဆိုတော်မှာတော့
ပင်ကိုစွမ်းရည်ကောင်းကောင်းရှိရင် အဆင်ပြေပါတယ်။ သျှီအနေနဲ့ကတော့ Classic ဆန်တဲ့ပုံစံမျိုးတွေကြိုက်တယ်။ Smart အဖြစ်တဲ့ပုံစံမျိုးလေးတွေ ကြိုက်တယ်။ ဂျင်းဘောင်းဘီနဲ့တီရှပ်ကတော့ အလုံခြုံဆုံးပါပဲ။ အသက်အရွယ်လည်း မရွေးဘူး။ လုံခြုံမှုလည်း အပြည့်အဝရှိတယ်" လို့ပြောလာခဲ့တဲ့သျှီက ဘယ်လိုပဲခေတ်တွေပြောင်းလဲလဲကိုယ့်ခန္ဓာကိုယ် အချိုးအစားနဲ့လိုက်ဖက်ညီပြီး နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ မသွေဖည်တဲ့ဟာမျိုး လေးတွေပြင်ဆင်ဝတ်သင့်ပါတယ်ဆိုတာကိုလည်း သျှီကဖက်ရှင် ဆိုင်ရာအတွေးအမြင်များကိုပြောပြပေးသွားခဲ့ပါတယ်။
ရဲရဲ
အေးချမ်းမွန်
0 comments:
Post a Comment