Home »
သတင်း
» တိုင်းမ်မဂ္ဂဇင်းဆောင်းပါးရှင်ကို ဗီဇာပိတ်ထားခြင်းမရှိ
တိုင်းမ်မဂ္ဂဇင်းဆောင်းပါးရှင်ကို ဗီဇာပိတ်ထားခြင်းမရှိ

ဗုဒ္ဓဘာသာ အကြမ်းဖက်သမားဟု ဆရာတော် ဦးဝီရသူအား စွပ်စွဲရေးသားခဲ့သည့်
တိုင်းမ်မဂ္ဂဇင်းမှ တာဝန်ရှိသူနှင့် ဆောင်းပါးရှင်တို့အား ပြည်ဝင်ခွင့်
(ဗီဇာ)ပိတ်ပင်ရန် လောလောဆယ် အစီအစဉ် မရှိသေး ကြောင်း သမ္မတ ၏
ပြောရေးဆိုခွင့်ရှိသူ(ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စု
ဒုတိယဝန်ကြီး)ဦးရဲထွဋ်က ရန်ကုန် တိုင်းမ်သတင်းစာ ၏ မေးမြန်းမှု
ကိုဖြေကြားခဲ့သည်။ ဦးရဲထွဋ်က ''လောလော ဆယ်တော့ သူတို့ကလဲ ဘာမှမ ပြောသေးတဲ့
အခါကျ တော့ ကျွန် တော်တို့ဘက်ကလဲ ဘာမှလုပ်ဖို့ အစီအစဉ်မရှိပါဘူး''ဟု ပြော
သည်။
အဆိုပါမဂ္ဂဇင်း၏ဆောင်းပါးရှင်မှ ဗီဇာရရှိပြီး မြန်မာနိုင်ငံ သို့
ထပ်မံလည်ပတ်ခွင့်ရလျှင်လည်း လာချင်ကြောင်းလည်း ရန်ကုန် တိုင်းမ်သတင်းစာမှ
မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည့်အတွက် အဆိုပါဆောင်းပါးရှင်ံညေညေ့
နြနခ့ ဖြစ်စေ၊ တိုင်းမ်မဂ္ဂဇင်းမှ တာဝန်ရှိသူများကိုဖြစ်စေ မြန်မာ
နိုင်ငံသို့ လာရောက်မည်ဆိုပါက မြန်မာအစိုးရမှ ပြည်ဝင်ခွင့်ပြု၊
မပြုနှင့်ပတ်သက်၍ မေးမြန်းရာ တွင် သမ္မတပြောရေးဆိုခွင့်ရှိသူ က
အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးက ဆက်လက် ၍
ဆရာတော်ဦးဝီရသူအကြောင်း ရေးသားခဲ့သည့် တိုင်းမ်မဂ္ဂဇင်း နှင့်ပတ်သက်၍
အကျယ်အကျယ် မဖြစ်လို၍ နိုင်ငံတော်အနေဖြင့် မည်သို့မှပြုလုပ်သွားရန် အစီအ
စဉ်မရှိသေးကြောင်း ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက် ၍
ဆရာတော်ဦးဝီရသူက ''ဒါက တော့အစိုးရပိုင်းပေါ့။ သူတို့က ပြည်ဝင်ခွင့်ပေးရင်လဲ
ဦးပဉ္ဇင်းတို့ မတတ်နိုင်ဘူး။ ပြည်ဝင်ခွင့်ပေး ရင်လဲ
ကန့်ကွက်စရာမရှိပါဘူး။အဲဒီလိုရေးသားတဲ့
တိုင်းမ်မဂ္ဂဇင်း နဲ့ ရေးသူ အပေါ်ကိုလဲ အပြစ်လဲ မမြင်ဘူး၊
အပြစ်လဲမတင်ပါဘူး'' ဟု မိန့်ကြားခဲ့သည်။ အဆိုပါတိုင်းမ်မဂ္ဂဇင်း၏
မျက်နှာဖုံးဆောင်းပါးနှင့်ပတ်သက်
၍ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ တကာမှ ဗုဒ္ဓဘာသာဝင်အများစု မှ ပြင်းထန်စွာ
ရှုတ်ချကန့်ကွက် ခဲ့ကြပြီး မြန်မာနိုင်ငံ အတွင်း၌ဖြစ် ပွားလျက်ရှိသည့်
ဘာသာကြီးနှစ် ခုကြား ပဋိပက္ခအား ပိုမိုကြီးထွား လာစေရန် လှုံ့ဆော်ရာရောက်စေ
သည်ဟုလည်း ဝေဖန်ပြောဆိုမှု များရှိခဲ့သည်။ ဇူလိုင်၁ရက်ထုတ် တိုင်းမ်
မဂ္ဂဇင်းအတွဲ-၁၈၂၊ အမှတ်(၁) နှင့်ပတ် သက်၍ အရေးပေါ်ကာလ
စီမံခန့်ခွဲရေးဗဟိုကော်မတီက ဇွန် ၂၅ရက်တွင် ဇူလိုင်၁ရက်ထုတ်
တိုင်းမ်မဂ္ဂဇင်းအတွဲ- ၁၈၂၊ အ မှတ်(၁)အား မြန်မာနိုင်ငံတွင်မူ
ရင်းစာစောင်အတိုင်းဖြစ်စေ၊ မိတ္တူ ပွား၍ဖြစ်စေထုတ်လုပ်ခြင်း၊ ရောင်း
ချခြင်း၊ ဖြန့်ချိခြင်း နှင့် လက်ဝယ် ထားရှိခြင်းမပြုရန် ကြော်ငြာခဲ့ သည်။
နန်းသီတာ
အေးချမ်းမွန်............
1 comments:
ဝမ်:နည်:စရာဘဲ မဂ္ဂဇင်းကဂျာနယ်လစ်အတွက် ချီ:ထုပ်ဗမာပြည် လာလည်ချင်လွန်:တာ ဗီဇာမရေရာလို့ ဟတ်ဟတ်
Post a Comment