<div style='background-color: none transparent;'></div>

Home » » မလေးရှားမယ် ကမ္ဘာ ပြိုင်ပွဲတွင် မူဆလင် အမျိုးသမီးများ တားမြစ်ခံရ ==========================================

မလေးရှားမယ် ကမ္ဘာ ပြိုင်ပွဲတွင် မူဆလင် အမျိုးသမီးများ တားမြစ်ခံရ ==========================================



အစ္စလာမ်ဘာသာဝင် အမျိုးသမီး များ အလှမယ်ပြိုင်ပွဲဝင်ခြင်းမှာ အပြစ် (ဟာရမ်)ဖြစ်သည်ဟု ဖက်ဒရယ် ဒေ သန္တရဘာသာရေး ဆရာဝမ် ဇဟီဒီဝမ်က အွန်လိုင်းမှ ဝေဖန်မှုကြောင့် ဖိုင်နယ်အ ဆင့် မလေးရှားအလှ မယ် လေးဦးပြိုင် ပွဲမှ ထုတ်ပယ်ခံရကြောင်း The Star သတင်းစာမှ သိရသည်။

ထုတ်ပယ်ခံရသော ပြိုင်ပွဲဝင် လေးဦးမှာဆာယာအာမယ်လီယာ ဘား နဒ်ဝါဖာ ယောဘန်နာဒီကော့၊ မီရာရှိခ် နှင့် ကက်သရီနာ ရဒ်ဇွမ်တို့ဖြစ်ကြပြီး ထိုသီးသန့်တားမြစ်ချက်အား စာရွက် စာတမ်း မိတ္တူအနေဖြင့် ရရှိခြင်း မဟုတ်သော်လည်း ဘာသာရေးကို လေးစားသောကြောင့် ယင်းသို့ ထုတ် ပယ်လိုက်ရကြောင်းကို ပွဲစီစဉ် ကျင်းပ သူ အန်နာလင်းက ဆက်လက်ပြောကြား ခဲ့သည်။

အင်ဒိုနီးရှားကဲ့သို့ အစ္စလာမ်နိုင်ငံ မျိုးတွင်ပင် မယ်ကမ္ဘာပြိုင်ပွဲ ကျင်းပနိုင် လျှင် မလေးရှားနိုင်ငံတွင် မကျင်းပနိုင် ရသည့် အကြောင်း အရင်းကို သိချင်၍ ဘာသာရေး ဆရာဝမ်ဇဟီဒီကို တွေ့ဆုံ ဆွေးနွေးရန် ကြိုးစားခဲ့သည်ကိုလည်း သူမက ဖြည့်စွက်ပြောကြားသည်။

၂ဝ၁ဝ ပြည့်နှစ်က အမေရိကတွင် မယ်ကမ္ဘာဘွဲ့ရခဲ့သူ ရီမာဖကီးသည် ပထမဆုံး မူဆလင်မယ်ကမ္ဘာတစ်ဦးဖြစ် ပြီး ၂ဝဝ၆ ခုနှစ် အင်္ဂလန်မယ် ဟမ်မာ သာ ကိုဟီစတန်နီသည်လည်းအစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ် သည်။ အလှ မယ်ပြိုင်ပွဲဝင်ခြင်းသည် Sexy အဝတ်အစားများ ဝတ်ပြရန် ဝင်ရောက် ခြင်းမဟုတ်ဘဲ ပညာတတ်အမျိုးသမီး တစ်ဦး၏ ပရဟိတ အလှူဒါနနှင့် လူ့ အရည် အသွေးကို ပြသရန်အတွက် ဖြစ်သည်ဟု ထုတ်ပယ်ခံရသူ ဘားနဒ်က ပြောကြားခဲ့သည်။

မလေးရှားမယ်ကမ္ဘာပြိုင်ပွဲ တစ်ခု လုံးတွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်ခွင့် မပြုဘဲ မလေးအမျိုးသမီးအားလုံး အား ကစားဝတ်စုံသာ ဝတ်ရမည့် စည်းကမ်း သည်ရှိပြီးသားဖြစ်သည်။ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို အလွန်အကျွံ ဖော် ချွတ်ရမည့်အခြေအနေမျိုးမဖြစ်ေ အာင် အဆင့်တိုင်းတွင် စီစဉ်ထားပြီးဖြစ် ကြောင်းကိုလည်း ပွဲမှ ထုတ်ပယ်ခံရသူ ဝါဖာက ပြောကြားသည်။

မူဆလင်အမျိုးသမီးများ မဖွယ် မရာဝတ်စားဆင်ယင်မှုကို တားမြစ် သည့် ဖာတဝါတားမြစ်ချက်၏ ဤပြိုင် ပွဲမျိုးအပေါ် သက်ရောက်မှုကို စိုးရိမ် သည်ဟု အစ္စလာမ်ညီအစ်မများ Sisters in Islam အဖွဲ့က ထုတ်ဖော် ပြောကြားခဲ့သည်။

၁၉၉၆ ခုနှစ်ကတည်းက ထုတ် ပြန်ထားသည့် ယင်းတားမြစ်ချက်ကို မလေးရှားအလှမယ်ပြိုင်ပွဲ စီစဉ်ကျင်းပ သူများ မသိရခြင်းအကြောင်း ရင်း မေးခွန်းထုတ်ပြီး ရာမဒန် ဥပုသ်လတွင် ပို၍ သတိထားသင့်ကြောင်းကို ပန်ဂျာရန်း ခရိုင် အမျိုးသမီး ပါလီမန် အမတ် အဇာလီနာအော့သ်မန် က ပြောခဲ့သည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map