လုပ်ငန်း ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သော ဘုရင့်နောင် ခုံးကျော်တံတားအား ၂၀၁၄ ဇန်န၀ါရီမှစ၍ အသုံးပြုနိုင်မည်ဖြစ်ကြောင်
ဘုရင့်နောင်လမ်းဆုံမှာ မြို့နယ်အများစုအား ချိတ်ဆက်ထားသည့်အပြင် ကုန်စည်ဒိုင် အများအပြား တည်ရှိသောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများမှာ အခြားနေရာများထက် ပိုမိုကျပ်တည်းလျက် ရှိနေသောကြောင့် ခုံးကျော်တံတားအား အလျင်အမြန် ပြီးစီးရန် ပြုလုပ်လျက်ရှိကြောင်း တာဝန်ယူ တည်ဆောက်လျက်ရှိသည့် FMI ကုမ္ပဏီမှ သိရသည်။
"လက်ရှိမှာတော့ ပြီးစီးဖို့ အနေအထားက လေးပုံတစ်ပုံလောက်ပဲ ကျန်တော့တယ်။ ဒီဇင်ဘာလအတွင်းမှာ အပြီးသတ် ပြီးစီးမယ်လို့ သုံးသပ်ထားတယ်။ ဇန်န၀ါရီမှာတော့ တံတားပေါ်ကို ကားတွေစတက်လို့ ရနိုင်ပါပြီ" ဟု ဘုရင့်နောင်တံတား စီမံကိန်း တာဝန်ရှိသူ ကိုမြင့်ကျော်က ပြောကြားသည်။
ဘုရင့်နောင် ခုံးကျော်တံတားအား ၂၀၁၂ ခုနှစ် ဇွန်လအတွင်းမှစ၍ တည်ဆောက်မှု လုပ်ငန်းများ စတင်ခဲ့ပြီး ပြည်ထောင်စုအဆင့်မှ ဘတ်ဂျက်ဖြင့် တည်ဆောက်ပြီး လုပ်ငန်းကုန်ကျစရိတ် ၂၆ ဘီလျံခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး လမ်းဆုံများဖြစ်သည့် လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင် လမ်းဆုံတို့တွင် ခုံးကျော်တံတားများအား လေးလအတွင်း အပြီးဆောက်လုပ် သွားမည်ဟု ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကုန်ပိုင်းကတည်းက ထုတ်ပြန်ထားခဲ့သော်လည်း ယင်းတို့အနက် အစောဆုံးဖြစ်သည့် လှည်းတန်းခုံးကျော်တံတားကို
တည်ဆောက်လျက် ရှိနေသော ခုံးကျော်တံတားများအနီး ပတ်ဝန်းကျင်တွင် ယာဉ်ကြောပိတ်ဆို့မှုမှာ ယခင်ထက် ပိုမိုဖြစ်ပွား နေသောကြောင့် အမြန်ဆုံး အပြီးသတ်နိုင်ရန် လိုလားကြောင်း ရန်ကုန်မြို့ ခရီးသွား ပြည်သူများက ပြောကြားသည်။
ရွှေဧည့်သည် ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက "ဘုရင့်နောင်တံတားကို အင်းစိန်ပေါက်တောဝဘက်က ဖြတ်လို့မရတော့ဘူး။ တံတားစီမံကိန်းကြောင့် လမ်းကျဉ်းသွားသလို၊ လမ်းကြောအရမ်းကျပ်သွားလို့ ရွာမအနောက်ဘက် လမ်းကနေ သွားနေရတယ်" ဟု ဆိုသည်။
၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သော ဘုရင့်နောင် ခုံးကျော်တံတားအား ဇူလိုင် ၈ ရက်က တွေ့ရစဉ်
အေးချမ်းမွန်


0 comments:
Post a Comment