မြန်မာ-ထိုင်းနယ်စပ် မြ၀တီ၊ မဲဆောက်မြို့မှ နှစ်နိုင်ငံအတွင်းသို့ ခြောက်ညအိပ် ခုနစ်ရက်ခရီးသွား လည်ပတ်မှုကို မကြာမီ ခွင့်ပြုပေးသွားမည်ဖြစ်၍ နိုင်ငံခြားသား ခရီးသွားများ ပို့ဆောင်ပေးရေး လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
တာချီလိတ်၊ မူဆယ်စသည့် နယ်စပ်ဝင်ထွက်ပေါက်တို့မှ တစ်ပတ်သွားလာ လည်ပတ်ခွင့် ပြုပြီးဖြစ်သော်လည်း မြန်မာ-ထိုင်း နယ်စပ်တံခါးပေါက်ဖြစ်သော မြ၀တီမြို့မှ တစ်ရက်သွားလာ လည်ပတ်ခွင့်သာ နယ်မြေကန့်သတ်ပြီး ခွင့်ပြုထားရာမှ နယ်စပ်ခရီးသွားလုပ်ငန်း ပိုမိုကျယ်ပြန့်လာစေရန် ရက်ရှည်လည်ပတ်ခွင့်ကို ခွင့်ပြုသွားမည်ဖြစ်ရာ မြ၀တီ၊ ဘားအံ၊ ကျိုက်ထီးရိုး၊ မော်လမြိုင်မြို့များသို့ သွားလာခွင့်ပြုပြီးဖြစ်ကြော
"ပြည်နယ်ဝန်ကြီးချုပ်က ဇူလိုင် ၁ ရက်မှာ ခွင့်ပြုမယ်လို့ ပြောခဲ့ပေမယ့် ပြင်ဆင်မှုတွေ အဆင်သင့် မဖြစ်သေးတာကြောင့် ခုတော့ဘယ်နေ့မှန်း မသိသေးပါဘူး။ မကြာခင် ခွင့်ပြုမှာတော့ သေချာပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်မှာဆိုရင် မော်လမြိုင်၊ ကျိုက်ထီးရိုးရယ်ကို ခွင့်ပြုချက် ရထားပါတယ်။ ကျိုက္ခမီ မပါသေးပါဘူး။ မြန်မာပြည်အနှံ့ခ ရီးသွားလုပ်ငန်း တဖြည်းဖြည်း တိုးချဲ့ဖို့ ရှိပါတယ်။ မြ၀တီ-ဘားအံ-ကျိုက်ထီးရိုးထ
မြ၀တီမြို့မှတစ်ဆင့် TEMPORARY BORDERPASS ဖြင့် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံအတွင်းသို့ ခြောက်ညအိပ် သွားလာနိုင်သလို မြန်မာနိုင်ငံ အတွင်းသို့လည်း ထိုင်းအပါအ၀င် တတိယ နိုင်ငံသားများလည်း သွားရောက်လည်ပတ်ခွင့် ရမှာဖြစ်ကြောင်း သိရသည်။
မြ၀တီမြို့ မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေး တံတားအနီးအား တွေ့ရစဉ်
အေးချမ်းမွန်


0 comments:
Post a Comment