<div style='background-color: none transparent;'></div>

Home » » ဂျရတ်ကြောင့် မျက်ရည်ကျခဲ့ရတဲ့ အင်ဒိုပရိသတ်

ဂျရတ်ကြောင့် မျက်ရည်ကျခဲ့ရတဲ့ အင်ဒိုပရိသတ်

ရာသီကြို ခြေစမ်းပွဲ ကစားဖို့ အင်ဒိုနီးရှားကို
ရောက်နေတဲ့ လီဗာပူးအသင်းအတွက် မယုံနိုင်စရာ ကောင်းတဲ့အားပေးမှုတွေနဲ့
ကြုံတွေ့ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် အင်ဒိုနီးရှား အမျိုးသမီး ပရိသတ်တစ်ယောက်ဟာ ဂျရတ်ကို တွေ့ဆုံခွင့်ရချိန်မှာ “ဂျရတ်၊ မင်းကို ငါချစ်တယ်”လို့ ပြောပြီးတော့ ၀မ်းသာမျက်ရည် ကျခဲ့လို့ပါပဲ။ ဂျရတ်ဟာ အဲဗာတန်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲနောက်ပိုင်း လီဗာပူးအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိသလို ပခုံးဒဏ်ရာ ခွဲစိပ်ကုသမှုကြောင့် နှစ်လနီးပါး အနားယူခဲ့ရသူပါ။
ဒါပေမဲ့ သူဟာ ဇူလိုင် ၂၀မှာ ခြေစမ်း ကစားမယ့် အင်ဒိုနီးရှားနဲ့ပွဲမှာ ပြန်ပါဝင်လာဖို့ရှိပြီး ဂျရတ် တစ်ယောက်တည်း မဟုတ်ဘဲ ကျန်တဲ့ လီဗာပူး ကစားသမားတွေဟာလည်း အင်ဒိုနီ်းရှား ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကြောင့် ကျေနပ်နေကြပါတယ်။ လီဗာပူးဟာ အင်ဒိုနီးရှားနဲ့ ပွဲစဉ်မတိုင်မီ သူတို့ရဲ့ ပထမဆုံး ခြေစမ်းပွဲမှာ ပရက်စတန် အသင်းကို လေးဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

 yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map