ကျေးဇူးပြု၍
၃ မိနစ်ခန့် အချိန်ပေး၍ ဖတ်ကြည့်ပေးပါ.....အာဇာနည်
နေ့ကိုကျနော်တစ်ယောက်ထဲ ကျင်းပခဲ့ခြင်းမဟုတ်ပါ ... တစ်ဘက်ခြမ်း
ဓာတ်ပုံထဲမှ အမျိုးသား၂ ဦးသည်လည်း ကျနော်နဲ့အတူ ဂါရဝပြုခဲ့ကြပါတယ် ...
ကျနော်ဟာ စင်္ကာပူ နိုင်ငံမှာ အချိန်ပိုင်းသန့်ရှင်းရေးလု ပ်သူပါ
... ဓာတ်ပုံထဲက မိသားစု ဟာ အိန္ဒိယ လူမျိုး ဟိန္ဒူဘာသာဝင် စင်္ကပူ
နိုင်ငံသားများဖြစ်ကြပါတယ် ..... ကျနော်သူတို့အိမ်မှာ
ပချိန်ပိုင်းသန့်ရှင်းရေးလု ပ်တာ ၂ နှစ်ခန့်ရှိပါပြီ ... တစ်ပါတ် ၁ ရက် ၅ နာရီ လုပ်ပေးရပါတယ် ...ဓာတ်ပုံထဲမှအမျိုးသမီကြီးသည်
စင်္ကာပူနိုင်ငံ SGH ဆေးရုံမှ မျက်စိ အထူးကု ဆရာဝန်မကြီးပါ ...သူတို့
၏သားသမီး၂ယောက် (ဓာတ်ပုံထဲမှ) ဟာ UK မှာနေကြပါတယ် ... ၂ယောက်လုံး
ဒေါက်တာဘွဲ့ ရပြီးသားပါ ... သားဖြစ်သူ ဟာ စာရေးဆရာတစ်ယောက်ဖြစ်ပါတယ် ...
လက်ရှိ ၂အုပ်ထွက်ရှိပြီး တစ်အုပ် က ရေးသားနေဆဲပါ ... သူ့ရဲ့ ကလောင်နာမည် က
SUNIL S. AMRITH ဖြစ်ပါတယ် ... Decolonizing international health ....
india and southeast asia ,1930- 65 ဆိုတဲ့စာအုပ်ရယ် Migration and
Diaspora in Modern Asia ဆိုတာရယ် ထွက်ရှိပြီးခဲ့ပါပြီ ။
မြန်မာနိုင်ငံသို့လည်း အကြိမ်ကြိမ် လာရောက် လေ့လာခဲ့ဖူးသူပါ ... သူဟာ
ကျနော့်ကို မင်္ဂလာပါလို့ ပီပီသသ နှုတ်ဆက်တတ်သူလည်းဖြစ်ပါတယ် ...
တိုက်ဆိုင်စွာပါဘဲ ဒီနေ့ မနက် စင်္ကာပူ စံတော်ချိန် ၁၀နာရီခန့်မှာ
သားဖြစ်သူဟာ UK မှ အလည်ရောက်လာခဲ့ပါတယ် ... ကျနော် သန်ရှင်းရေးလုပ်နေတုန်း
သူတို့သားအဖ လေယာဉ်ကွင်းမှပြန်လာခဲတယ် ... ကျနော့်ကို မင်္ဂလာပါလို့
နှုတ်ဆက်ပြီး သူဒီနေ့ မြန်မာနိုင်ငံပေါ်ကနေ ဖြတ်ပြီးလေယဉ်စီးလာတယ်လို့ေ ပြာပါတယ် ... ကျနော်က ဟုတ်လား ဒီနေ့ ငါတို့ ရဲ့ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးတဲ့
နေ့ လို့ ပြောတော့ စူဘာပြောတယ်ထင်လည်း ..yes , today is july 19 .. oh
1947 right .. လို့ ပြောတယ် .. ကျနော်က ၁၂ နာရီ၇မိနစ်ကျရင် ငါဒီကနေ
အရိုအသေပေးမယ်လို့ပြောတော့ သူပါပေးမယ်တဲ့ နောက်ပြီး ကျနော့်ကို
နာရီ၂မိနစ်အလိုမှာသတိပေးပြီး
နာရီတည့်တည့်မှာ ဓာတ်ပုံ ရိုက်ဖို့ idea ပေးပြီး ရိုက်ပေးခဲ့ ပါတယ် .....
ကျနော် ဝမ်းသာ ဝမ်းနည်း နဲ့ မျက်ရည်ကျခဲ့မိတယ် ....
ဗိုလ်ချုပ်အတွက်လည်းဂုဏ်ယူမိပါတယ် ..... ကမ္ဘာက ပါ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ပါဆိုတာ လက်တွေ့ မို့ မျှဝေလိုက်ပါတယ် ...
Kyalzin Lay facebook
Kyalzin Lay facebook


0 comments:
Post a Comment