<div style='background-color: none transparent;'></div>

Home » » ကိုရီးယားစစ်ပွဲ နှစ် ၆၀ ပြည့် စစ်ရေးပြအခမ်အနား မြောက်ကိုရီးယားတွင် ပြုလုပ်

ကိုရီးယားစစ်ပွဲ နှစ် ၆၀ ပြည့် စစ်ရေးပြအခမ်အနား မြောက်ကိုရီးယားတွင် ပြုလုပ်


Wednesday, July 31, 2013

နှစ်(၆၀)ပြည့် ကိုရီးယားကျွန်းဆွယ် စစ်ပွဲ အထိမ်းအမှတ် အခမ်းအနားတွင် စကက်တိုတိုလေးများ ဝတ်ထားသည့် မြောက်ကိုရီးယား စစ်သမီးတို့သည် ပြုံယမ်းရှိ ကင်မ်အီလ်ဆွန်း ရင်ပြင်၌ စုရုံး ချီတက်နေကြခြင်း ဖြစ်သည်

ဖြူဖွေးသွယ်လျသော ခြေတံတို့သည် စက်ယန္တရားများကဲ့သို့ စည်းချက်ညီညီ လှုပ်ရှား ချီတက်သွားကြသည်။ နှစ်(၆၀)ပြည့် ကိုရီးယားကျွန်းဆွယ် စစ်ပွဲ အထိမ်းအမှတ် အခမ်းအနားတွင် စကက်တိုတိုလေးများ ဝတ်ထားသည့် မြောက်ကိုရီးယား စစ်သမီးတို့သည် ပြုံယမ်းရှိ ကင်မ်အီလ်ဆွန်း ရင်ပြင်၌ စုရုံး ချီတက်နေကြခြင်း ဖြစ်သည်။ ရာနှင့်ချီ အရေအတွက်ရှိသော စစ်သမီးများသည် စည်းချက်ညီစွာ၊ စနစ်ကျစွာ စုရုံးချီတက်ရင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းကို အလေးပြုခဲ့ကြသည်။ ယင်းကဲ့သို့ ညီညာလှပစွာ စစ်ရေးပြရန်အတွက် သူမတို့သည် သီတင်းပတ်ပေါင်းများစွာ ကြိုတင် အချိန်ယူ လေ့ကျင့်ခဲ့ကြခြင်း ဖြစ်သည်။

အနုပညာမြောက် ပုံဖော်မှုသည် ပြင်းထန်ကြမ်းတမ်းသော စစ်ရေး လေ့ကျင့်မှုများမှ ပေါက်ဖွားလာခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။ ယင်းကဲ့သို့ အမျိုးသမီး စစ်သမီးများစွာ အင်အားပြ ချီတက်မှုမျိုးသည် ဆိုဗီယက် ပြည်ထောင်စုနှင့် နာဇီဂျာမနီတို့ အုပ်စိုးစဉ်ကလည်း ပြုလုပ်ခဲ့ဖူးသည်။ တနင်္လာနေ့က ပြုလုပ်သော စစ်ချီမှုအတွက် မြောက်ကိုရီးယား စစ်သမီးများသည် ကုပ်ပိုးနားထိသာ ဆံပင်ကို ထားရှိရန် ခပ်တိုတို ညှပ်ထားရသည်။ အမျိုးသမီး စစ်သည်တိုင်းသည် ချီတက် ဆန္ဒပြပွဲတွင် သူမတို့၏ ညာဘက်ရင်အုံ၌ စစ်မှုထမ်း မှတ်တမ်းအတွက် သက်ဆိုင်ရာ ဆုတံဆိပ် တစ်ခု၊ သို့မဟုတ် နှစ်ခုမျှကို ချိတ်ထားသည်။

မီနီစကက် တိုတိုနှင့် လိုက်ဖက်သော ခြေအိတ်ကို ယခုချီတက်ပွဲအတွက် ဒီဇိုင်းထုတ် ဖန်တီးထားသည်။ ဦးထုပ်တွင်မူ အမျိုးသားအလံမှ အနီရောင်ကြယ်ပွင့်ကို တပ်ဆင်ထားကြသည်။ အထီးကျန် ကွန်မြူနစ်နိုင်ငံ တစ်ခုဖြစ်သော မြောက်ကိုရီးယား၏ စစ်တပ်တွင် (၁၀)ရာခိုင်နှုန်းထက် ကျော်လွန်သော အမှုထမ်းများသည် အမျိုးသမီးများ ဖြစ်ကြသည်။ တောင်ကိုရီးယားဘက် ထွက်ပြေး ခိုလှုံလာသူ အချို့ကမူ စစ်တပ်၏ (၄၀)ရာခိုင်နှုန်းကျော်ထိ အမျိုးသမီးများ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ကြသည်။ အကယ်၍ ယင်းစကား အမှန်ဖြစ်ပါက အနည်းဆုံး စစ်မှုထမ်း (၁.၂)သန်းမျှ ရှိနေသည့် မြောက်ကိုရီးယား စစ်တပ်တွင် စစ်သမီး သန်းဝက်ထိ ရှိနေမည်ဟု သိရှိရသည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map