<div style='background-color: none transparent;'></div>

Home » » ♥အသက်အရွယ်မရွေး နုပျိုစေမည့် နည်းလမ်းသုံးသွယ်♥

♥အသက်အရွယ်မရွေး နုပျိုစေမည့် နည်းလမ်းသုံးသွယ်♥



အရေးကြောင်းထင်တာ၊ ပါးရေတွန့်တာ၊ မျက်နှာပေါ်မှာ တင်းတိပ်လိုအကွက်ပေါ်တာစတဲ့အိုမင်းစေတဲ့အချက်တွေကင်းဝေးပြီးအရွယ်မရွေး နုပျိုလှပနေစေဖို့ အောက်ပါနည်းသုံးသွယ်ကို အမြဲ လိုက်နာသင့်ပါတယ်။

(၁) အရိပ်ထဲမှာ နေပါ...
နေပူထဲမှာ နေတဲ့အခါ အသားအရေကို အရေးကြောင်းဖြစ်စေတာ အပြင် မျက်စိကျိန်းကာ မျက်မှောင်ကြုတ်ထားတာကြောင့် မျက်ဝန်းထောင့်နဲ့မျက်ဝန်းအောက်တွေမှာအရေးကြောင်းထင်နိုင်ခြေ များပါတယ်လို့ ဘော့စတွန်ရှိ အရေပြား အထူးကု ရာနီလာက ဆိုပါတယ်။ဒါကြောင့် နေပူဒဏ်မရစေမယ့်အရိပ်ထဲမှာပဲ နေသင့်ပါတယ်။

(၂) ကိုယ်အလေးချိန်ကို ထိန်းပါ...
ကိုယ်အလေးချိန်က တက်လိုက်၊ ကျလိုက် မကြာခဏ ဖြစ်နေရင် အရေပြား လျော့တွဲကျနိုင်ခြေ များပါတယ်။ အသားအရေကလည်း တင်းရင်းမှုမရှိတတ်ပါဘူး။ဒီလိုမဖြစ်စေဖို့ပိန်အောင် လျှော့နေရင်တောင် အစားအသောက်ကို အလွန်အမင်း လျှော့တာမျိုး မလုပ်ဘဲ ဖြည်းဖြည်းချင်းသာ ကိုယ်အလေးချိန်ကို ထိန်းသင့်ပါတယ်။

(၃) ရာသီမရွေး အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ...
နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးတာက အသားအရေကို စိုပြည်တင်းရင်းစေတဲ့နည်းပါ။ တကယ်လို့ အပြင်ထွက်ရမယ်ဆိုရင် နေရောင်ခြည်ကို ကာကွယ်နိုင်စွမ်းရှိတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းသင့်ပါတယ်။

posted by နှင်းဆီဖူးလေးများ-Love BUDS(Fe12,2013)

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map