၈၈ကျောင်းသားများ၊ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနဲ့အနုပညာရှင်များလည်းပါဝင်ပါတယ်။ မိတ္ထီလာ အရေး စဖြစ်ဖြစ်ချင်းကြားရတာ စိတ်မကောင်းပါဘူး။ ဒီထက်ဆိုး တဲ့နေရာတွေလည်းရှိပါတယ်။စိတ်လည်းတအားထိခိုက်တယ်။ ပြဿနာဖြစ် ပြီ၊ဒုက္ခရော က်နေကြပြီ၊ ဒုက္ခရောက်တဲ့သူတွေကို ကယ်ဆယ် ရေး၊ပြန်လည်ထူထောင်ရေးလုပ် ပေးပေမယ့် ဘယ်လောက်ပြည့်စုံ နိုင်မှာလဲရှင်။ ထက်ထက် ကိုယ်တိုင် မိတ္ထီလာပဋိပက္ခဖြစ်တဲ့နေရာကို ရောက်သွားတဲ့အချိန်မှာလမ်းခရီး တစ်လျှောက်လုံးမြင်တွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့သာယာလှပ တဲ့ေ တာ တောင်သဘာဝအလှတွေ အကျည်း တန်ခဲ့ရပါပြီရှင်။ဒုက္ခရောက်နေတဲ့ အိမ်ရှင်မအမျိုးသမီးတွေ၊ အမျိုးသား တွေနဲ့ ကလေးသူငယ်တွေရဲ့ မျက်နှာ ကို မြင်လိုက်တဲ့အခါမှာကြေကွဲ ဝမ်း နည်းရပါတယ်ရှင်။ အထူးသဖြင့်က ကလေးငယ်တွေပေါ့။ ဒါ ထက်ထက် ကိုအားပေးတဲ့ ချစ်ခင်အားေ ပးတဲ့ ပရိသတ်ဆိုတာထက်ထက်ထက်တို့နဲ့ အတူ တစ်မြေတည်းနေ၊တစ်ရေ တည်းသောက်တဲ့ ညီအစ်ကိုမောင်နှမ တွေပဲမ ဟုတ်လား။ကလေး ငယ်တွေ ကိုကြည့်ပြီးထက်ထက်ရင်မှာ ဗလောင်ဆူနေအောင်ခံစားရပါတယ် ရှင်။စားစရာလုံလုံလောက်လောက်မှ ရှိရဲ့လား။ ဝတ်စရာကောလုံ လုံခြုံခြုံမှရှိပါရဲ့လား။တွေးရင်းနဲ့ရင်ထဲမှာ နင့်နေအောင်ခံစားရပါတယ်။မိတ္ထီ လာမြို့မှာတောင် ဒီလောက်ဆိုရင် အခြားနေရာဒေသမှာဖြစ်ပျက် တာ တွေရော မတွေးရဲလောက်အောင် ခံစားရပါတယ်ရှင်။ ကိုယ်တိုင်မကြုံ ပေမယ့် ကိုယ်တိုင်မြင်တွေ့ရတဲ့ မြင် ကွင်းကသူတို့နဲ့ထပ်တူသော က မီး တွေပူပါတယ်။ဒီသောကမီးတွေ အမြန်ဆုံးအေးချမ်းစေချင်ပါတယ် ရှင်။ထက်ထက်တို့အလာလမ်းက သာယာခဲ့တဲ့ တောတောင်အလှတွေ ရှိနေ ခဲ့ပေမယ့် မိတ္ထီလာမှာ ရွာသွန်း ခဲ့တဲ့ မီးမိုးတွေကြောင့် အပြစ်မဲ့ခံစား ကြရတာတို့တိုင်းသူပြည်သားတွေပဲ မဟုတ်လား။ဆာလောင်လို့ ငိုကြွေး တဲ့ ကလေးငယ်တွေရဲ့အသံက အနီး ကပ်ဗုံးကွဲသံထက်တောင် ရင်ကို ထိ ခိုက်ပါတယ်။အိုးအိမ်နဲ့မိသားစုတွေရဲ့ နွေးထွေးမှုကို ဆုံးရှုံးသွားတဲ့ အိမ်ရှင် မတွေရဲ့ မျက်ဝန်းထဲက မျက်ရည်က
သံရည်ကြိုထားတာထက်
ပူလောင် လွန်းပါတယ်။ ဒါတွေကို သူတို့က လွဲပြီး ဘယ်သူက ခံစားသိရှိ နိုင်မှာ
လဲ။ အိမ်ထောင်ဦးစီးတွေရဲ့ အလုပ် လက် မဲ့ဖြစ်သွားတဲ့ ပုံသဏ္ဌာန် အရိပ်ကလည်း
ရင်ကိုကြေကွဲစေပါ တယ်ရှင်။ ထက်ထက်တို့က အပြုံး လေးနဲ့
အားပေးစကားပဲပေးထားခဲ့ နိုင်လို့ စိတ်မေ ကာင်းဖြစ်မိတယ်။
ထက်ထက်တို့ကိုမြင်ပြီး ပူလောင် အိုက်စပ်တဲ့ ဝေဒနာမီးလျှံကြားက
အပြုံးတွေဝေဝေဆာဆာ ပျော်ပျော် ရွှင်ရွှင်ပြောဆိုနှုတ် ဆက်တဲ့ လဝန်း
သဏ္ဋာန်ရွှေမျက်ဝန်းပိုင်ရှင်တွေကို ထက်ထက် တစ်သက်မမေ့ပါဘူးရှင်။သာယာလှပတဲ့
မိတ္ထီလာမြင်ကွင်းကို အရင်အတိုင်း ပြန်ြ မင်ချင်ပါတယ်။
ငိုယိုညည်းတွားသံတွေအစား ရယ်မော သံတွေဝေလာနိုင်ပါစေ၊ ပြဿနာ တစ်ခုဖြစ်တိုင်း
ဖြစ်တိုင်းတုတ်တွေ၊ ဓားတွေ မဆွဲဘဲ စဉ်းစားဆင်ခြင်ပြီး ပညာရှိ၊သတိရှိစွာနဲ့
ဖြေရှင်းစေချင်ပါ တယ်။တုတ်တွေ၊ဓားတွေဆွဲတိုင်း ပြဿနာဟာရှင်းမှာမဟုတ်သလို
အေး ချမ်းသာယာ မှုတွေရှိလာမှာ မဟုတ်ဘူးလေ။ဒါကြောင့် တုတ်တွေ၊
ဓားတွေအစားမေတ္တာတွေ၊အချစ် တွေနဲ့ကိုယ်ချင်းစာတရားကို စဉ်းစား
ဆင်ခြင်ဥာဏ်တွေ ကိုအသုံးပြုစေချင်ပါတယ်။ဒီမြေပေါ်မှာနေရင်
ဒီနိုင်ငံရဲ့ယဉ်ကျေးမှုကိုတော့ မမေ့ စေချင်ဘူး။ကိုယ်လုပ်လိုက်တဲ့ အ
ကြောင်းအရာတစ်ခုကြောင့် အပြစ် မဲ့တဲ့ ကိုယ်ညီအစ်ကိုမောင်နှမတွေ
ခံစားရမှာကို တွေးမိစေချင်ပါတယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့မိသားစုတွေ၊
အနာဂတ်မျှော်လင့်ချက် မဲ့ သွားတဲ့ ကလေးငယ်တွေရဲ့ တန်ဖိုးကို သိစေ
ချင်ပါတယ်။ သာယာချမ်းမြေ့တဲ့ တိုင်းပြည်ကြီး ဖြစ်ချင်ရင် သာယာ
ချမ်းမြေ့တဲ့မိသားစုတွေ များပြား ရမယ် မဟုတ်ပါလားရှင်။ ဒါကြောင့်
ပြဿနာတစ်ခုဖြစ်တိုင်းတုတ်တွေ၊ဓားတွေ၊လက်နက်တွေမဆွဲပါနဲ့ လား
ရှင်။ဒီမိတ္ထီလာပဋိပက္ခအပြင် အခြား အခြားသော ပဋိပက္ခတွေကို လည်း
ခေါင်းချင်းဆိုင်တိုင်ပင်ဆွေးနွေးဖြေရှင်းစေချင်တယ်။ အေးအေး
ချမ်းချမ်းနဲ့ပြီးဆုံးစေချင်တယ်။ ဒါမှမဟုတ်ရင် ကိုယ့်တိုင်းသူပြည်သား
တွေပဲခံစားရမယ်မဟုတ်လား။ ပြည်သူ တွေထိခိုက်နစ်နာမဲ့အကြောင်းမဲ့ တရားတွေကို
မလိုလားပါဘူး။ အားလုံးကို အေး ချမ်းသာယာတဲ့ နေရာတွေကိုပဲ ဖြတ်သန်းစေချင်
တယ်။နေ့သစ်မှာစိတ်သစ်၊လူသစ် နဲ့ဘဝကို ဖြတ်သန်းစေချင်တယ်။ လောဘ၊ ဒေါသ၊ မောဟ၊
မာန်မာနတွေ ဝေးဝေးပြေးသွားပြီးဘုရား၊တရား၊ မေတ္တာ၊ကရုဏာတွေ ပြည့်စုံလာပါ
စေရှင်။ထက်ထက်တို့ မိတ္ထီလာ ကယ် ဆယ်ရေး စခန်း၇ခု ကို
သွားရောက် လှူဒါန်းကူညီခဲ့တဲ့ခရီးကအပြန် ထက်ထက်တို့ အလှူတစ်ခုနဲ့ မပြည့်စုံ သေးပါဘူးရှင်။ကိုယ့်ပြည်ထဲက ကိုယ့်ညီအစ်ကိုမောင်နှမေ တွပဲလေ။ ‘အပြစ်မဲ့နာကျင်သူများအတွက်စာနာမှုလက်များ’ ဆိုတဲ့ ဆရာမသန်း မြင့်အောင်တို့ဆောင်ပုဒ်အတိုင်းထက်ထက်ရဲ့ချစ် ပရိသတ်ညီ အစ်ကိုမောင်နှမများ ဖေးမပေးနိုင်ကြမှာကို ယုံကြည်ပါတယ်ရှင်။
သွားရောက် လှူဒါန်းကူညီခဲ့တဲ့ခရီးကအပြန် ထက်ထက်တို့ အလှူတစ်ခုနဲ့ မပြည့်စုံ သေးပါဘူးရှင်။ကိုယ့်ပြည်ထဲက ကိုယ့်ညီအစ်ကိုမောင်နှမေ တွပဲလေ။ ‘အပြစ်မဲ့နာကျင်သူများအတွက်စာနာမှုလက်များ’ ဆိုတဲ့ ဆရာမသန်း မြင့်အောင်တို့ဆောင်ပုဒ်အတိုင်းထက်ထက်ရဲ့ချစ် ပရိသတ်ညီ အစ်ကိုမောင်နှမများ ဖေးမပေးနိုင်ကြမှာကို ယုံကြည်ပါတယ်ရှင်။
ထက်ထက်မိုးဦး
popularmyanma


0 comments:
Post a Comment