<div style='background-color: none transparent;'></div>

Home » » အန္ဒိယနိုင်ငံက အင်ဂျင်နီယာ ကျောင်းသားများ ဖန်တီးလိုက်တဲ့အမျိုးသမီးတို့ အနိုင်ကျင့်ခံရစေခြင်းမှ ကင်းဝေးစေမည့်ဝတ်စုံ

အန္ဒိယနိုင်ငံက အင်ဂျင်နီယာ ကျောင်းသားများ ဖန်တီးလိုက်တဲ့အမျိုးသမီးတို့ အနိုင်ကျင့်ခံရစေခြင်းမှ ကင်းဝေးစေမည့်ဝတ်စုံ

အမျိုးသမီးတို့ အနိုင်ကျင့်ခံရစေခြင်းမှ ကင်းဝေးစေမည့် အတွင်းခံ

အန္ဒိယနိုင်ငံက အင်ဂျင်နီယာ ကျောင်းသားများ ဖန်တီးလိုက်တဲ့ ဝတ်ဆုံ ဖြစ်ပါတယ်။

အန္ဒိယမှာ အမျိုးသမီးတို့ အဓမ္မအကျင့်ခံရတဲ့ မှုခင်းတွေ များလာတာ အတွက်ကြောင့် ယခုလို ဖန်တီးထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ အပေါ်အောာက် One-Set အတွင်းခံဖြစ်ပြီး အမျိုးသားတို့ ထိလိုက် တာနဲ့ မလှုပ်မယှက်ဖြစ်သွားအောင်ကို ပြုလုပ်နိုင်ပါတယ်။



အဝတ်မှာ လျှပ်စစ်ဓာတ်လမ်းကြောင်းစီးဆင်းနေပြီး အမျိုးသား တစ်ယောက်က Rape လုပ်ဖို့ ကြိုးပမ်းပြီဆိုရင် လျှပ်စစ်ကြောင့် ကျင်သွားပြီး မလှုပ်မယှက်ကို လှဲသွားစေမှာ ဖြစ်ပါတယ်။

ဒီတော့ ဝတ်ထားတဲ့ အမျိုးသမီးကို မထိခိုက်ဘူးလားလို့ မေးစရာ ရှိပါတယ်။ လုံးဝမရှိပါဘူး။ ဝတ်ထားတဲ့ သူရဲ့  နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ် လှုပ်ရှား တုန်ခါမှု index တစ်ခု သတ်မှတ်ထားပြီး ယင်း အမှတ်ကို ရောက်တာနဲ့ ပြင်ပက လာထိတဲ့သူမှန်သမျှကို လျှပ်စစ်နဲ့ တုန့်ပြန်စေမှာ ဖြစ်ပါတယ်။ ဝတ်ထားတဲ့သူကတော့ ဘာမှ မဖြစ် ပါဘူး။

နောက်ထပ်ပိုကောင်းတာ တစ်ခုက ဝတ်ဆုံမှာ GPS ပါဝင်ပြီး လျှပ်စစ်ဓာတ်လွတ်လိုက်ပြီဆိုတာနဲ့ ရဲစခန်းက ကွန်ပြူတာကို ချက်ချင်း လှမ်းအကြောင်းကြားစေမှာ ဖြစ်ပါတယ်။ ဒီတော့ ဝတ်ဆုံ ဝယ်ဝတ်ဖို့ ဆုံးဖြတ်ထားသူများ အနေနဲ့ မိမိချစ်သူများကို ဖတ်တဲ့ အခါ သတိထားရန်လိုအပ်တယ်လို့ တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

TechSpace Journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map