ကမ္ဘာမှာ လူမသေတဲ့နေ့၊ လူမသေတဲ့ အချိန်မရှိသလို လူမမွေးတဲ့နေ့၊ လူမမွေးတဲ့
အချိန်လည်း မရှိပါဘူး။ ဒါပေမယ့် အသက် ၂၄ နှစ် အရွယ် ဟမ်မီမာဂျမ်မာရဲ့ ကလေး
မီးဖွားမှုက အားလုံးထက် ထူးခြားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖြစ်နိုင် ချေ
အကြိမ် ၁၃၀ဝ၀ဝ မှာ ၁ ကြိမ် သာဖြစ်နိုင်တဲ့ အလေးပေးမှုကိုရိုက်ချိုး ပြီး
ခရစ္စမတ်နေ့မှာ ဒုတိယအကြိမ် မီးဖွားခဲ့လို့ဖြစ်ပါတယ်။ သမီးကြီး မက်ဟာရာကို
၂၀ဝ၉ ခုနှစ် ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ မွေးဖွားခဲ့ပြီး နာမည်မမှည့်ရ
သေးတဲ့ သမီးငယ်ကိုလည်း ပြီးခဲ့တဲ့ ခရစ္စမတ်နေ့မှာ မွေးဖွားခဲ့တာကြောင့်
ထူးထူးခြားခြား ဖြစ်ခဲ့တာပါ။ ဒါ့ပြင် သမီးနှစ်ဦးစလုံးကို
Coventry's University ဆေးရုံမှာ မွေးခဲ့တာဖြစ်ပါတယ်။ "သမီးငယ်လေးကိုလည်း ခရစ္စမတ်နေ့မှာ မွေးလိမ့်မယ်လို့ သူငယ်ချင်း တွေကို ကျွန်မ ရယ်စရာပြောလေ့ ရှိပါတယ်။ ဒါပေမယ့် ဘာတွေ ဆက်ဖြစ်လာမှာလဲဆိုတာ ဘယ်သူမှ မသိခဲ့ပါဘူး။ ဘာပဲပြောပြော ဒါက အရမ်းထူးခြားတဲ့ တိုက်ဆိုင်မှု တစ်ခုလို့ ပြောရင်ရပါတယ်" လို့မိခင်ဂျစ်မာက ပြောကြားခဲ့ပါတယ်။ လောင်းကစားဒိုင် ဂျိမ်းစ်ဒက်စ်မွန်းကလည်း ခရစ္စမတ်နေ့မှာ ကလေးနှစ်ကြိမ်မီးဖွားတာဟာ အရမ်း ထူးခြားတယ်လို့ မှတ်ချက်ပေးခဲ့ပါ တယ်။ "ခရစ္စမတ်နေ့မှာ ကလေးမီး ဖွားတာဟာ ကျွန်တော်တို့ရဲ့ အလေးပေးမှုအရ ၃၆၅ လေး ၁ လေးရှိပါတယ်။ ဒါပေမယ့် အခုလိုန နှစ်တွေခြားပြီး ခရစ္စမတ်နေ့မှာ ကလေးမီးဖွားမှု အတွက် အလောင်းအစားလုပ်ရင် ကျွန် တော်တို့က ၁၃၃၂၂၅ လေး ၁ လေးပဲ ပေးမှာပါ" လို့ ဂျိမ်းစ်က ပြောကြားခဲ့ တာလည်းဖြစ်ပါတယ်။
yoyarlay

0 comments:
Post a Comment