<div style='background-color: none transparent;'></div>

Home » » "စိုးမြတ်သူဇာပြောတဲ့ အကယ်ဒမီဆု မကြေညာဖြစ်ခဲ့ခြင်းနဲ့ စိုးသူ နဲ့တွေ့ခဲ့ခြင်း အကြောင်း"

"စိုးမြတ်သူဇာပြောတဲ့ အကယ်ဒမီဆု မကြေညာဖြစ်ခဲ့ခြင်းနဲ့ စိုးသူ နဲ့တွေ့ခဲ့ခြင်း အကြောင်း"


စိုးမြတ်သူဇာက ဒါရိုက်တာ နေပိုင်ရိုက်ကူးတဲ့ ‘ပျောက်ဆုံးနေသောနေ’ ဇာတ်ကား ကို ကျော်ရဲအောင်နဲ့ ရိုက်ကူးနေတာ ဖြစ်ပြီး ဒီဇာတ်ကားမှာ ဇာတ်ကား တစ်ကားလုံး အကျီ တစ်ထည်ထဲပဲ ဝတ်ရကြောင်း ကျော်ရဲအောင် ရဲ့ မိခင်အဖြစ် သရုပ်ဆောင်ရပြီး သရဲဇာတ်ကား တစ်ကား ဖြစ်ကြောင်းပြော ပါတယ်။

အကယ်ဒမီ ပေးပွဲနေ့က အမျိုး သမီး ဇာတ်ဆောင်ဆုကို စိုးမြတ်သူဇာကြေ ညာပေး ဖို့အတွက် ဖိတ်ခဲ့ပေမယ့် စိုးမြတ်သူဇာ ပြန်သွားတာကြောင့် မကြေညာ ဖြစ်ခဲ့ပါဘူး။ ကြေညာဖို့ အတွက် ကြိုမသိခဲ့တာ ကြောင့် ပြန် သွားခြင်းဖြစ်ကြောင်းကို စိုးမြတ်သူဇာက “အကယ်ဒမီပွဲပြီးလောက်ပြီ ထင်တာ။ နောက်ဆုံးကျမှ ပြန်တာပါပဲ။ ကြိုပြောထားရင် မပြန်ပါဘူး။ ဘာမှလည်း မပြောထားဘူး။ သူများတွေက ပြောထားတယ် ထင်တာ။ နည်းနည်းပါးပါးတော့ စာအိတ်ဖွင့် ဖောက်ပေးရမယ်နော်လို့ ကြိုပြောထား လိုက်တဲ့ အခါကျရင် ဘယ်သူက ထွက် မှာလဲ။ သပ်သပ်ရပ်ရပ်လေး ပြင်ဆင် ထားပြီး အလှတွေပြင်လို့ ရသေးတယ်။ ကြိုပြောသင့်တယ်လို့ ထင်တာပဲ။ သူများကို လျှောက်မပြော စေချင်ရင်လည်း အစ်မ စာအိတ် လေး ဖွင့်ဖောက်ပေးရမယ်နော်၊

ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့လို့ ပြောခဲ့ရင်ပြီး တာပဲလေ။ ကိုယ်လည်း သတိလေးနဲ့ အဆင်သင့်ပြင်ထားလို့ ရတာပေါ့။ အခုလို မပြော ထားတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်တယ်။ ပွဲလည်း Delayဖြစ် တယ်။ ကြည့်တဲ့လူတွေကိုလည်း စိတ်အနှောင့်အယှက် ဖြစ်စေ တယ်။ ဘယ်ဘက်ကမှ မကောင်းတဲ့ ကိစ္စပါ။ မကြီးလည်း အရင်တုန်းက ကြေညာခဲ့ ဖူးတာပဲ။ ပွဲခင်းထဲမှာ ကိုယ်ထိုင်ပြီဆိုတာနဲ့ တိုးတိုးတိတ်တိတ် လာပြောသွားတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သတိနဲ့နေလို့ ရတာပေါ့”လို့ ဆုကြေညာဖို့ ကြိုတင်သတိပေးသင့်ကြောင်း ပြောပါတယ်။

ဒီနှစ်အကယ်ဒမီပွဲတက် ဝတ်စုံကို Karat Silk က ဝတ်စုံနဲ့ ဝတ်ဖြစ်ခဲ့ပြီး ဒီနှစ်မှာချိတ်လည်း မဝတ်ချင်တဲ့ အတွက် ဒီဇိုင်းရှင်းရှင်းနဲ့ လိမ္မော်ရောင်တောက်တောက်ကို ရွေးချယ်ပြီး ဝတ်ဖြစ်ခဲ့ကြောင်း ပြောပါတယ်။

ဒီနှစ်အကယ်ဒမီပေးပွဲ တက်ရောက်လာတဲ့ ကိုစိုးသူနဲ့တွေ့သေးလားလို့ မေးတော့ ”အမေရိကမှာကတည်းက ကိုစိုးသူနဲ့တွေ့ပါတယ်။ သူရန်ကုန် ရောက်မှတွေ့တာ မဟုတ်ဘူး။ သူ LA မှာ သီချင်းလာဆိုတုန်းက မကြီးတို့ နဲ့တွေ့တာပဲ။ အဲဒီတုန်းက မကြီးတောင် အိမ်ထောင်နဲ့ မကွဲသေးဘူး။ မကြီးတို့လင်မယားနဲ့ သူတို့လင်မယားနဲ့ ထမင်းတောင် အတူတူသွား စားသေးတယ်။ကိုစိုးသူက အစ်ကိုကြီး တစ်ယောက်လိုပဲ။ သူကလည်း မကြီးအပေါ်မှာ ညီမလေး တစ်ယောက်လိုပါပဲ” လို့ပြောပါတယ်။

ခိုင်ဝေလွင်
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map