<div style='background-color: none transparent;'></div>

Home » » အခုနှစ် အကယ်ဒမီ ပေးပွဲအပေါ် စိုင်းစိုင်းခမ်းလှိုင် ရဲ့ သုံးသပ်ချက်

အခုနှစ် အကယ်ဒမီ ပေးပွဲအပေါ် စိုင်းစိုင်းခမ်းလှိုင် ရဲ့ သုံးသပ်ချက်


ဒီနှစ် အကယ်ဒမီ ပေးပွဲကို ရှမ်းတိုင်းရင်းသား ဝတ်စုံ နဲ့ တက်ရောက်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင် က၊ အကယ်ဒမီပွဲ တက်ဝတ်စုံကို မန္တလေး ခင်မဒီ ပိုးထည် ဆိုင်က ပိတ်စကို ရန်ကုန် ရှမ်းအသင်းက မမြင့်ကြည် ကချုပ်ပေးထား တာဖြစ်ကြောင်းပြောပါတယ်။ ရှမ်းတိုင်းရင်း သားဝတ်စုံနဲ့ အကယ်ဒမီပွဲ တက်ဖြစ်ခဲ့တဲ့ အပေါ် စိုင်းစိုင်းခမ်းလှိုင် က “မနှစ်ကတည်း ကသက်မွန် တို့ ချင်းဝတ်စုံ ဝတ်လာက တည်း က နောက် နှစ် ကျွန်တော် ရှမ်းလိုဝတ်မယ် လို့ တွေး ထားတာပါ။ ဖိတ်စာထဲမှာ လည်း အရင် တုန်းက အမျိုးသား ဝတ်စုံတွေ ဝတ်ဖို့ ရေးထားတယ်လေ။ ဒီလိုအခမ်းအနားမျိုး ကျတော့ အနောက်တိုင်း ဝတ်စုံဖြစ်ရင်ဖြစ်၊ မြန်မာ အမျိုးသား ဝတ်စုံ ဒါမှမဟုတ် တိုင်း ရင်းသား ဝတ်စုံဆိုလည်း တိုင်းရင်းသား

ဝတ်စုံတွေ ဝတ်ကြတာ များတော့၊ ကျွန်တော်ကလည်း ရှမ်းလူမျိုး ဆိုတော့ ရှမ်းဝတ်စုံ ဝတ်တာပါ။ ထူးထူးခြားခြား လုပ်တာတော့ မဟုတ်ပါဘူး။ ကိုယ့် အမျိုးသား ဝတ်စုံ ကိုယ်ဝတ်တာပါ။ အမျိုးသား ဝတ်စုံ ဝတ်ရတာကိုလည်း ကြိုက်ပါတယ်။ ကျွန် တော်က အင်္ကျီအဝတ်အစား ဆိုရင် သူ့နေရာ နဲ့ သူ သင့်တင့် လျောက် ပတ်တဲ့ ဝတ်စုံမျိုးကို ကြိုက်တယ်။ အပြင်မှာလည်း အလုပ်လုပ်ရင်တော့ တီရှပ်နဲ့ဂျင်းဘောင်းဘီ ပဲကောင်းပါတယ်။ အခမ်းအနား ဆိုတော့လည်း အခမ်းအနား တက်တဲ့ဝတ်စုံပေါ့” လို့ ပြောပါတယ်။ ဒီနှစ် အကယ်ဒမီပေးပွဲ အပေါ် စိုင်းစိုင်းခမ်းလှိုင်ရဲ့ အမြင်ကိုမေးတော့ “ရန်ကုန်မှာ ပြန်လည် ကျင်းပတာ ထက် အခုလို မျိုးချက်ချင်း အကယ်ဒမီ ဆုပေးပြီးတော့ ကျေးဇူး တင် စကားပြောတာတော့ တအား ကြိုက်ပါတယ်” လို့ပြောပြခဲ့ပါတယ်။
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map