<div style='background-color: none transparent;'></div>

Home » » လာမယ့် မေလတွင်အင်တာနက် စွဲလမ်းစွာ အသုံးပြုခြင်းကိုလည်း စိတ်ရောဂါအဖြစ် သတ်မှတ်တော့မည်

လာမယ့် မေလတွင်အင်တာနက် စွဲလမ်းစွာ အသုံးပြုခြင်းကိုလည်း စိတ်ရောဂါအဖြစ် သတ်မှတ်တော့မည်

လာမယ့် မေလ လောက်ဆိုရင် အင်တာနက်အား စွဲစွဲလမ်းလမ်း အသုံးပြုခြင်းကို စိတ်ရောဂါ အခြေအနေတစ်ခု အဖြစ် သတ်မှတ်တော့မှာ ဖြစ်ကြောင်း သိပါတယ်။
ဒီအတွက် နိုင်ငံတကာ စိတ်ကျန်းမာရေး စောင့်ကြည့်ရေးအဖွဲ့မှ ဆုံးဖြတ်ခြင်း ဖြစ်ပါတယ်။ အင်တာနက် အသုံးပြုမှု လွန်ကဲလို့ မဖြစ်သင့်တဲ့ အခင်း ကိစ္စတွေ ဖြစ်လာတာကြောင့်မို့ ယခုလို သတ်မှတ်လာရခြင်း ဖြစ် ပါတယ်။ ဂိမ်းဆွဲတာကိုတော့ စိတ်ရောဂါအခြေအနေ တစ်ခုအဖြစ် စိတ် ပညာရှင်များက လက်ခံထားကြပြီး ဖြစ်ပါတယ်။
ဂိမ်းဆွဲနေသူ လူကြီး၊ လူငယ်မရွေး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ယနေ့ခေတ် လူငယ်များ ဂိမ်းစွဲစွဲလမ်းလမ်းဆော့ကစားခြင်းကြောင့် သေဆုံးသူ အရေအတွက် များလာပါတယ်။
သြစတေးလျနိုင်ငံမှ ဂိမ်းဆွဲသူများအား ဂိမ်းဖျက်ရန် ဝန်ဆောင်မှုပေးမယ့် ကျန်းမာရေးအဖွဲ့ တရားဝင်ထားရှိပြီး ကမ္ဘာမှာ ပထမဆုံး ဖြစ်ပါတယ်။ အင်တာနက် စွဲစွဲလမ်းလမ်း အသုံးပြုမှုကိုလည်း လာမယ့် မေလကျရင် အတည်ပြုလို့ စိတ်ရောဂါ အခြေအနေတစ်ခုအဖြစ် ကြေညာဖို့ အလားအလာ များကြောင်း သိရပါတယ်။
--
Ref: medic-facts
ရိုးရာလေး
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map