<div style='background-color: none transparent;'></div>

Home » » မျှော်လင့်နေကြတဲ့ တန်ဖိုးနည်း တစ်သိန်းဖုန်း လာပြီ

မျှော်လင့်နေကြတဲ့ တန်ဖိုးနည်း တစ်သိန်းဖုန်း လာပြီ

ကျပ်တစ်သိန်းတန် GSM နှင့် ကျပ် ၁၂၀၀၀၀ တန် WCDMA ဆင်းမ်ကတ်များကို ဇန်နဝါရီ ဒုတိယပတ်မှ စတင်၍ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မိုဘိုင်း အင်ဂျင် နီယာဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင် က ပြောကြား သွား သည်။

အဆိုပါ မိုဘိုင်း ဆင်းမ်ကတ်များကို ယခင်က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတစ်ခုတည်းမှ ရောင်းချသွားမည်ဟု ကြေညာခဲ့သော်လည်း ယခုအခါ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ပုဂ္ဂလိက ကုမ္ပဏီ ၁၃ ခုမှ တစ်ဆင့် ဖြန့်ဖြူး၍ ပြင်ပ ဖုန်း အရောင်းဆိုင်များတွင် လွတ်လပ်စွာ ဝယ်ယူနိုင်တော့မည်ဟု ယင်းက ဆိုသည်။

“ဆက်သွယ်ရေးက သတ်မှတ်ထားတဲ့ ဆိုင်တွေမှာ ရောင်းမယ်။ ရတနာပုံ၊ Elite အစရှိတဲ့ ကုမ္ပဏီတွေ ကနေ တစ်ဆင့်လည်း ဖြန့်ဖြူးသွား မယ်။ နှစ်သိန်းတန်ဖုန်းလိုပဲ ဘယ်ဆိုင်မှာမဆို ဝယ်လို့ရမှာပါ” ဟု ၎င်းက ပြောသည်။



ပြင်ပ ဖုန်းအရောင်းဆိုင်များသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတ်မှတ်ထားသည့် နှုန်းထား
အတိုင်း ရောင်းချခြင်း မပြုဘဲ ဆင်းမ်ကတ်များကို ဈေးနှုန်းမြှင့်၍ ရောင်းချပါက ထိရောက်စွာ အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

“အပြင်ဖုန်းဆိုင်တွေကိုတော့ ရောင်းတဲ့ရက် မတိုင်မီ ဈေးပိုမရောင်းဖို့ သတိပေးထားတယ်။ ဒါကလည်း ၂ သိန်းဖုန်းတုန်းကလို ဈေးနှုန်း မဖောင်းပွစေချင်လို့ပါ။ ရောင်းမယ့်ရက်ကိုတော့ ၁၁/၁၂ ရက်လောက် ခန့်မှန်းထားပါတယ်။ မရောင်းမီလည်း သတင်းစာထဲကနေ ကြေညာမှာပါ” လို့ ယင်းက ဆက်ပြောသည်။


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရန်ကုန်တိုင်းဒေသကြီးတွင် ရောင်းဆိုင် ၁၈ ခု ဖွင့်လှစ်ရောင်း
ချသွား မည် ဖြစ်ပြီး ကျန်တိုင်းနှင့် ပြည်နယ်များတွင် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ကြသည့် ကုမ္ပဏီများမှ တစ်ဆင့် ဖြန့်ဖြူးနိုင် မည် ဖြစ်ကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်၍ Elite Tech မှ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးက “ကတ်တွေ ဖြန့်ချိရေး အပိုင်းကိုတော့ ကျွန်တော်တို့ ကုမ္ပဏီအပါအဝင် တခြားကုမ္ပဏီတွေကလည်း လုပ်ကြမယ်။


ဒီတစ်ခေါက် ချပေးမယ့်လိုင်းက များပြီး ကတ်များများချနိုင် မှာ ဖြစ်တဲ့အတွက် ဈေးနှုန်းကစားတာမျိုး မဖြစ်လောက်ပါဘူး။


အပြင်ဆိုင်တွေမှာလည်း ဝယ်လို့ရမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအတွက် အဆင်ပြေမှာပါ” ဟု ပြောသည်။ GSM Sim ကတ်များကို ကျပ် ၂ သိန်းဖြင့်လည်းကောင်း WCDMA Sim ကတ်များကို ကျပ် ၂ သိန်းခွဲဖြင့်လည်းကောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ စတင် ရောင်းချပေးခဲ့ကြောင်း သိရသည်။


By Smart News
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map