<div style='background-color: none transparent;'></div>

Home » » ညှို့မဂ္ဂဇင်းဖြန့်သူတဦးနဲ့ အင်တာဗျူး

ညှို့မဂ္ဂဇင်းဖြန့်သူတဦးနဲ့ အင်တာဗျူး

ရန်ကုန်မြို့လယ် ၃၂ လမ်း စာအုပ်ဖြန့်ဝေရေးလုပ်ငန်းတခုဖြစ်တဲ့ ကျော်သိန်းစာပေမှာ လိင်ပညာပေးညှို့မဂ္ဂဇင်းကို နေရာအများအပြားပေးပြီး ကြော်ငြာထားတာ တွေ့ရပါတယ်။
မဂ္ဂဇင်း ထွက်တာ အတော် ကြာနေပါပြီ။ ဆိုင်မှာ တခြားစာအုပ်စာစောင် မဂ္ဂဇင်းပေါင်းစုံလည်း တင်ရောင်းနေပါတယ်။
ကျော်သိန်းစာပေက စီမံခန့်ခွဲသူ ကိုလင်းထက်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တွေ့ဆုံ မေးမြန်းထားတဲ့ထဲက ကောက်နုတ် ဖော်ပြလိုက်ပါတယ် -

ညှို့မဂ္ဂဇင်းကို အများကြီး ကြော်ငြာထားတာ ဘာအတွက်လဲ။

ပထမဆုံးထုတ်တဲ့ ဒီဇင်ဘာလထုတ်အတွက် ကြော်ငြာထားတာပါ။ နောက်တအုပ်က ဇန်န၀ါရီအတွက် ထွက်မှာပါ။ ဒီလ ၁၆ ရက်နေ့လောက် ထွက်မယ်လို့ ပြောတာပဲ။
အခု ကြော်ငြာထားတာက သူ့ရဲ့ အငွေ့အသက်လေး ကျန်အောင်ပါ။


ဒီဇင်ဘာလထုတ်ကို အုပ်ရေ ဘယ်လောက် ရောင်းခဲ့သလဲ။ ၅၀၀ လောက်ပဲ။ အရောင်းကုန်သွားတော့ ထပ်ပြီး မှာပေမယ့် မရတော့ဘူး။ ပထမအုပ်ကို ရပ်လိုက်ပြီ။ နောက်တအုပ် ထွက်ဖို့ပဲ အားခဲတော့တယ် (လို့ သိရတယ်။)

အခု တအုပ်လောက် ၀ယ်ချင်တယ်ဆိုရင် ရမလား။တအုပ်လောက် ၀ယ်ချင်လည်း ဒီမှာ ပြတ်နေပြီ။

အရမ်း အရောင်းသွက်တယ်လို့ ဆိုရမှာပေါ့။ဟုတ်တယ်၊ အဲဒီလို ဖြစ်နေတယ်။ အခု သူတို့ ရိုက်ပျက်တွေကို စာအုပ်ချုပ်တဲ့နေရာမှာ စုနေတယ် လို့ ပြောတယ်၊ အဲဒီတော့  (၀ယ်ချင်တယ် ဆိုရင်လည်း) မျှော်လင့်ချက် ရှိသေးတယ်။

ဘယ်သူတွေက အများဆုံး ၀ယ်ကြသလဲ။ အများစုက အမျိုးသားတွေ ၀ယ်ကြတယ်။ အမျိုးသမီးတချို့လည်း ၀ယ်တယ်။ ဆေးပညာ လေ့လာလိုသူတွေပေါ့။


အငှားဆိုင်တွေကရော ဒီစာအုပ်ကို အုပ်ရေ ဘယ်လောက် တင်ကြသလဲ။သက်တမ်းရင့်ဆိုင်တွေကတော့ စာအုပ်ငှားဖတ်သူ များတဲ့အတွက် တအုပ်တည်းနဲ့ မလုံလောက်တော့ဘူး။ ၅ အုပ်အထိ တင်ထားတတ်ကြတယ်။ တချို့လည်း တအုပ်ပဲ တင်တယ်။
တချို့လည်း (တအုပ်မှ) မတင်ဘူး။

 အငှားဆိုင်တွေက တပြိုင်တည်း ၅ အုပ် ၀ယ်တာလား၊ နောက်မှ ထပ်လာဝယ်ကြတာလား။သူတို့က စာအုပ် ကောက်ကိုင်လိုက်တာနဲ့ အုပ်ရေ ဘယ်လောက် ဆိုင်မှာတင်ရမယ် ဆိုတာ သိတယ်။


မဂ္ဂဇင်း  ပေါက်ဈေးက ဘယ်လောက် ရှိသလဲ။ပေါက်ဈေးက ၆,၀၀၀၊ ၇,၀၀၀ လောက် ရှိတယ်။ ဖြန့်တာတော့ ၂,၅၀၀ နဲ့ ဖြန့်တယ်။ လက်ပွေ့သမားတွေ ရောင်းတာတော့ လူအခြေအနေကြည့်ပြီး ၄,၀၀၀ ကနေ ၇,၀၀၀ အထိ ရောင်းကြတယ်။

နောက်တအုပ် ထပ်ထွက်ရင် ဘယ်လောက် တင်ရောင်းမလဲ။ ဘယ်လို ဖြန့်သလဲ။၅၀၀ ပဲ တင်ရောင်းမယ်။ သူတို့ကတော့ ဖြန့်ချိရေးဆိုင်တွေကို ဘယ်လောက် ယူမလဲဆိုပြီး စာရင်းလိုက်ကောက်တယ်၊
ဖြန်တဲ့ဆိုင်တွေကလည်း လက်လီ လက္ကားဖြန့်တယ်၊ လက်ပွေ့သမားတွေအထိ ပြန်ဖြန့်တယ်။

http://blog.irrawaddy.org/2013/01/blog-post_6899.html
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map