<div style='background-color: none transparent;'></div>

Home » » ဗုံးဖောက်ခွဲသူအဖြစ် စွပ်စွဲထားမှုများအပေါ် ဆွေးနွေးပြီးပြီဟု ပြည်သစ်ညွန့်ဝေ ပြောကြား

ဗုံးဖောက်ခွဲသူအဖြစ် စွပ်စွဲထားမှုများအပေါ် ဆွေးနွေးပြီးပြီဟု ပြည်သစ်ညွန့်ဝေ ပြောကြား

ပြည်တွင်းတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်အချို့နှင့်ပတ်သက်၍ မိမိအပေါ်စွပ်စွဲထားမှုများကို မြန်မာနိုင်ငံသို့ မလာရောက်မီ ဆွေးနွေး ခဲ့ပြီးဖြစ်ကြောင်း မြန
်မာနိုင်ငံသို့ စက်တင်ဘာလ ၄ ရက်က ရောက်ရှိ လာခဲ့သည့် ပြည်သစ် ညွန့်ဝေက ပြောသည်။
ယခင်စစ်အုပ်ချုပ်ရေး အစိုးရ လက်ထက်မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်အချို့နှင့် ပတ်သက်၍ ၄င်းအား တရားခံအဖြစ် ထိုစဉ်က တာဝန်ရှိသူများက စွပ်စွဲထားခဲ့ပြီး ယင်းကိစ္စရပ်အပေါ် မြန်မာနိုင်ငံသို့ရောက်ရှိစဉ် ဖြေရှင်း ရန်ရှိပါသလားဟု ပေါ်ပြူလာ နယူးစ် မှ မေးမြန်းရာ ၄င်းက အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော် ဖြေရှင်းစရာ အကြောင်း မရှိပါဘူး။ ကျွန်တော်တို့ ဆွေးနွေးတဲ့ အထဲမှာ ဒီကိစ္စတွေပြီး သွားပါပြီ။ ရှေ့လုပ်ငန်းကို ဘယ်လို ဆက်လုပ်မလဲ ဆိုတဲ့ ကိစ္စကိုပဲ ကျွန် တော်တို့ပြောကြမှာဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။
၎င်းသည် မြန်မာနိုင်ငံသို့ နိုင်ငံ တော်သမ္မတ၏ဖိတ်ခေါ်ချက်ကြောင့် ပြန်လာ ခဲ့ခြင်းဖြစ်ပြီး ၂၈ ရက် ကြာနေထိုင်ခွင့်ရရှိထားကာ ယင်း ကာလအတွင်းနိုင် ငံတော်သမ္မတကြီး နှင့်လည်း တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။
''သမ္မတကြီးနဲ့တွေ့ဖို့က ကျွန် တော်မသိသေးပါဘူး။ သမ္မတကြီး အားတဲ့ အချိန်မှ ကျွန်တော်တို့က နောက်က လိုက်ရမှာပါ''ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ကာလအတွင်း ဖွဲ့စည်းခွင့်ရရှိထား သည့် အလုပ်သမားအဖွဲ့အစည်း များ နိုင်ငံတကာအလုပ်သမားအဖွဲ့ အစည်းများ၏ စံနှုန်းနှင့်ညီမျှရန် လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်သွားရန် စဉ်းစား ထားကြောင်း၊ ပြည်ပသို့ ထွက်ခွာသွားစဉ်ကလည်း အလုပ်သမားအရေး ကိစ္စများလှုပ်ရှား ရင်း ထွက်ခွာသွားခြင်းဖြစ်သည့် အတွက်အလုပ်သမား အရေးကိစ္စများကိုပင် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်သွားရန် ရှိကြောင်း ၄င်းက ဆိုသည်။
နိုင်ငံတော်သမ္မတ၏ဖိတ်ကြား ချက်အပြင် မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုဖြစ် စဉ်များတွင်ပါဝင်ရန် ယခင် စစ်အုပ်ချုပ်ရေးကာလက မြန်မာ နိုင်ငံမှ ပြည်ပသို့ ထွက်ခွာသွားခဲ့ကြ သော နိုင်ငံရေးလှုပ်ရှားသူ၊ အင်အားစုများသည် သြဂုတ် လကုန်ပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်း၌ မြန်မာ နိုင်ငံသို့ ဆက်တိုက် ဆိုသလို ဝင် ရောက်လာခဲ့ကြသည်။ ၄င်းတို့ သည် ၂၄ နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရရှိသူများ လည်းဖြစ်သည်။

ဥာဏ်လင်းအောင်
popular myanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map