ရှိသည်။
စင်ကာပူလေကြောင်းက လက်ရှိ Silk Air က အသုံးပြုနေသော လျှောက်လမ်းတစ်ခုတည်းပါ Airbus A 320 လေယာဉ်များအစား ထိုင်ခုံ ၃၂၃ ခုံပါသော ကိုယ်ထည်ကျယ်ဝန်းသည့် Boeing 700-200 လေယာဉ်များ အသုံးပြုသွားမည်ဖြစ်သည်။
လောလောဆယ်တွင် Silk Air က ရက်သတ္တပတ် တစ်ပတ်လျှင် ရန်ကုန်သို့ ၁၆ ကြိမ် ပျံသန်းနေသည်။ စင်ကာပူလေကြောင်း၏ နေ့စဉ် ပျံသန်းမှု စတင်ပါက Silk Air က ခရီးစဉ်ကိုးခုကို ဆက်လက်ပျံသန်းမည်ဖြစ်သည်။
"မြန်မာနိုင်ငံကို စီးပွားရေးအတွက်ရော၊ အပန်းဖြေဖို့အတွက်ပါ ခရီးသွားတာတွေ အလွန်တိုးတက်လာပါတယ်။ စင်ကာပူလေကြောင်းက မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် ၀န်ဆောင်မှုပေးဖို့ မျှော်လင့်စောင့်စားနေပါတယ်"ဟု စင်ကာပူလေကြောင်း၏ စီးပွားရေးရာ အမှုဆောင် ဒုဥက္ကဋ္ဌ မက်ဆွီဝါးက ပြောသည်။
-Ref:WSJ

7days news journal

0 comments:
Post a Comment