<div style='background-color: none transparent;'></div>

Home » » ကျော်ကျော်ဗိုနှင့် နေတိုးတို့၏ အင်္ဂလန်ခရီး Football City Tour မြဝတီမှ ထုတ်လွှင့်မည်

ကျော်ကျော်ဗိုနှင့် နေတိုးတို့၏ အင်္ဂလန်ခရီး Football City Tour မြဝတီမှ ထုတ်လွှင့်မည်


ရန်ကုန်၊ သြဂုတ် ၁၃
အင်္ဂလန်နိုင်ငံရှိ နာမည်ကြီး ဘောလုံးကွင်းများသို့ ကျော်ကျော်ဗိုနှင့် နေတိုးတို့သွားရောက်ခဲ့သည့် ခရီးစဉ်အား မြဝတီရုပ်သံတွင် အပတ်စဉ်ထုတ်လွှင့် သွားမည်ဖြစ်   ကြောင်း  သိရသည်။ ”မြန်မာပြည်က ပရိသတ်တွေ ကို အင်္ဂလန်က နာမည်ကြီး ဘောလုံးကွင်းတွေကို ကြည့်စေချင်တယ်။ အဲဒါကြောင့် ပရိသတ်တွေဘောလုံးကွင်းတွေ ကိုဒီအတိုင်းပြရင် စိတ်မဝင် စားမှာစိုးလို့ ကျွန်တော်တို့နှစ်ယောက် က ဇာတ်လမ်းပုံစံလေး ရိုက်ပြီးပြ မယ်လို့ စဉ်းစားလိုက်တာပါ”ဟု ကျော်ကျော်ဗိုက ပြောသည်။ ထိုဇာတ် လမ်းတွဲကို Football City Tours အမည်ဖြင့် မြဝတီရုပ်သံ တွင် သြဂုတ်လ တတိယအပတ်မှ စတင်၍ အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၅ နာရီခွဲမှစ၍မိနစ် ၂ဝ ကြာ   ပြသသွားမည်ဖြစ်ပြီး အပိုင်း၂၅ပိုင်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
 Football City Tours အစီအစဉ်ကို ADMA မီဒီယာမှ ရိုက်ကူး တင်ဆက်ခြင်းဖြစ်ပြီး အင်္ဂလန်နိုင်ငံ ရှိ နာမည်ကြီး ကလပ်များဖြစ်ကြသော မန်စီးတီး၊ မန်ယူ၊ စပါး၊ အာဆင်နယ်၊ ချယ်လ်ဆီးနှင့် လီဗာ ပူးအသင်းတို့၏ ကွင်းများအား ကြည့်ရှုနိုင် မည်ဖြစ်   ကြောင်း သိရသည်။ အဆိုပါ ဇာတ်လမ်းတွဲကို ဒါရိုက်တာအဖြစ် ကျော်ကျော်ဗို၊ နေတိုးနှင့် ADMAမှ ကိုဝေမင်းမောင် တို့က ရိုက်ကူးထားပြီး နောက်ခံ သီချင်းကို ရိန်မိုးက သီဆို   ပေးထားသည်။ ထို့အပြင် နိုင်ငံခြားတေး သီချင်းအသစ်များကိုလည်း နောက် ခံတီးလုံးအဖြစ် ဖန်တီးကာ နိုင်ငံတကာ အဆင့်မီ ရိုက်ကူးထားကြောင်း ၄င်းက ဆက်လက်   ပြောသည်။
ဖြိုးဖြိုး 
popular news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map